ပြည်တွင်းကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုး၏အရှေ့ဘက်၌တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာတို့တွင် အနည်းငယ်စိုက်ပျိုးပြီး ဈေးကွက်အတွင်း လိုအပ်သောဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်၊ အောင်ပန်းမြို့မှ မှာယူရောင်းချကြပါသည်။

စစ်ကိုင်းတိုင်းဒေသကြီးရှိ ဆန်ပိုဒေသများဖြစ်သော ကလေး၊ ကသာ၊ ကန့်ဘလူ၊ ရွှေဘိုနှင့် ရေဦးခရိုင်များအနေဖြင့် ကလေးခရိုင်၌ နွေစပါး/ဆန်ဈေးအနည်းငယ်ကျနေပြီး ကျန်ခရိုင်များတွင် ဈေးအေးနေပါကြောင်းသိရှိရပါသည်။

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ နိုဝင်ဘာလ ပထမပတ်တွင် စပါး/ဆန်ဈေးနှုန်းများအနည်းငယ်ကျဆင်းနေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ အောက်တိုဘာလ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၁၉၅၀၀၊ မန္တလေးသို့ အိတ်ရေ ၁၇၈၀၀၊ နေပြည်တော်သို့ အိတ်ရေ ၃၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၂၀၀၀၊ ရှမ်း(မြောက်)သို့ အိတ

၂၀၂၃ ခုနှစ် နိုဝင်ဘာလ ပထမပတ်တွင် မုံရွာမြို့နယ်ရှိ အခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်း ဆန်တစ်ပြည် (၆၀၀၀) ကျပ်၊ ဧရာမင်းဆန်တစ်ပြည် (၅၇၀၀) ကျပ်ဖြင့်လည်းကောင်း ၊စားအုန်းဆီ တစ်ပိဿာလျှင် (၅၂၀၀) ကျပ်၊ မြေပဲဆီ တစ်ပိဿာလျှင် (၁၂၅၀၀)ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၂၅၀၀) ကျပ်တို့ဖြင့်လည်းကောင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက

မုံရွာမြို့တွင် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်သီးကို ဒေသတွင်း လက်လီ/လက်ကားသမား များဖြင့်သာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိသည်။ ငရုတ်သီးစိမ်းကို မုံရွာမြို့ရှိ ပွဲရုံများမှတစ်ဆင့်ဈေးများ၊ ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/လက်ကားရောင်းချကြောင်း သိရှိရသည်။ မုံရွာမြို့တွင်စိုက်ပျိုးသော ကျောက်စိမ်းငရုတ်သီးဈေးမှာ ယခုလက်ရှိအချ
