ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီးအတွင်းရှိ ဆန်လိုဒေသဖြစ်သော မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ အောင်လံခရိုင်၊ ချောက်ခရိုင်၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်များအနက် ၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း မင်းဘူးခရိုင်တွင် ဆန်(ပေါ်ဆန်းမွှေး)၊ ပခုက္ကူခရိုင်တွင် (မနောသုခ) နှင့် ဂန့်ဂေါခရိုင်တွင် (ပေါ်ဆန်းမွှေး၊ ဧရာပဒေသာ၊ မ

တောင်ငူမြို့ညောင်ပင်ဈေးတွင် အာဒါလွတ်ဥနှင့် ထန်းမြစ်များ စတင်ရောင်းနေပြီ ဖြစ်ပါသည်။ မြန်မာလူမျိုးတို့သည် အာဒါလွတ်ဥနှင့် ထန်းမြစ်များကို ပြုတ်၍ ဆီဆမ်းကာ သရေစာအဖြစ် စားသုံးကြပါသည်။
၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ ပထမပတ်အတွင်း ကန့်ဘလူ၊ ကျွန်းလှမြို့တို့တွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းတစ်ပြည်လျှင် (၅၂၀၀)ကျပ်၊ ဧရာမင်းတစ်ပြည်လျှင် (၅၅၀၀)ကျပ်ဖြင့်တည်ငြိမ်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်နီ လက်လီဈေးမှာ အကြီး/အသေးပါ်မူတည်၍ တစ်ပိဿာလျှင် (၃၀၀၀/၃၅၀၀)ကျပ်၊ ကြက်သွန်ဖြူ လက်လီဈေးမှာ(ဗမာ) အလုံးကြီးတစ်ပိဿ

တောင်ငူမြို့၊ ညောင်ပင်ဈေးတွင် ရှမ်းပြည်နယ်၊ အောင်ပန်းဒေသမှ ထွက်ရှိသော လိမ္မော်သီးများ စတင်ဝင်ရောက်လာပြီဖြစ်သည်။ ရှမ်းပြည်နယ်မှ ထွက်ရှိသောလိမ္မော်သီးများမှာ ဆောင်းဦးတွင် စတင်ဝင်ရောက်ပြီး၊ ဆောင်းတွင်းကာလတွင် အပေါများဆုံးဖြစ်ပါသည်။

ဘားအံမြို့၊ ကမ်းနားလမ်း (စနေနေ့)အခွန်လွတ်ဈေးတွင် ဘားအံမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုယ်တိုင်မွေးမြူ၊ စိုက်ပျိုး၊ ထုတ်လုပ်သည့် သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ စားသုံးဆီစသည့် အခြေခံစားသောက်ကုန်များကို ဒေသခံပြည်သူများထံသို့ ကိုယ်တိုင်ရောင်းစနစ်ဖြင့် အပတ်စဉ် စနေနေ့တိုင်း ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
