ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ၂၀၂၃ခုနှစ်၊ စက်တင်ဘာလ (ပထမပတ်) တွင် 92 RON တစ်လီတာလျှင် ၂၃၅၀ကျပ်၊ 95 RON တစ်လီတာလျှင် ၂၄၆၅ကျပ်၊ ဒီဇယ်တစ်လီတာလျှင် ၂၅၅၅ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၆၃၀ကျပ်ရှိပါသည်။

တောင်ငူမြို့သို့ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာဒေသမှထွက်သော ဖရဲသီးများကိုလာရောက်ရောင်းချကြပါသည်။ ၁၂ဘီးကားတစ်စီးလျှင် ဖရဲသီးအလုံး ၂၀၀၀လုံးဆန့်ပြီး ၁၄ ဘီးကားတစ်စီးလျှင် အလုံးရေ ၃၅၀၀လုံးဆန့်ပါသည်။

တောင်ငူမြို့၊ ဈေးကွက်အတွင်း ချက်ပြုတ်စရာမလိုဘဲ အသင့်စားသုံးနိုင်သည့် ဆေးဘဲဥများမှာ အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဆေးဘဲဥပြုလုပ်ရာတွင် ရိုးရိုးဘဲဥကို Chemical၊ ဆား၊ ဖွဲပြာနှင့် ထုံးများပေါင်းစပ်၍အုံရပါသည်။ ထို့နောက် ကျွတ်ကျွတ်အိတ်အဖြူတစ်ထပ်၊ အမဲတစ်ထပ်နှင့်ထုပ်ပိုး၍ အခန်းအပူချိန် အသင့်အတင့်ရှိသောနေရာတွင် ၁၄ရက်ခန့်ထားရပါသည်။

တောင်ငူမြို့၊ ငါးခြောက်ဆိုင်များတွင် ရောင်းချနေသော အာဗြဲခြောက်သည်လည်း လူကြိုက်များသောငါးခြောက်တစ်မျိုးဖြစ်ပါသည်။ အရသာမှာ ချိုပြီး ဆားလည်းပေါ့သဖြင့် စားကောင်းသည့် ငါးခြောက်တစ်မျိုးဖြစ်ပါသည်။

ဈေးကွက်အတွင်း ကြက်သားနှင့်ကြက်ဥဈေးနှုန်းများကောင်းနေသောကြောင့် ပဲခူးတိုင်းဒေသကြီး၊ သနပွင်မြို့နယ်အတွင်း အသားတိုးကြက်နှင့် ဥစားကြက်မွေးမြူရေးလုပ်ငန်းများကို ပိုမိုတိုးချဲ့လုပ်ကိုင်လာကြကြောင်းသိရှိရပါသည်။ ထိုသို့ ကြက်မွေးမြူရေးခြံများ ပိုမိုများပြားလာသည့်အနက် အသားတိုးကြက်မွေးမြူရေးလုပ်ငန်းသည် အချိန်တိုအတွင်း အကျိုးအမြတ်ရရှိန
