ပြည်တွင်းကုန်သွယ်မှုသတင်းများ
နွားမွေးမြူရေးအနေဖြင့် နွားမျိုးကောင်းမျိုးသန့်များ မွေးမြူနိုင်ရန်အတွက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မေထုန်မဲ့သားစပ်လုပ်ငန်းဖြင့် တစ်နှစ်တာကာလအတွင်း ခိုင်းနွား (၁၅၂၅၂)ကောင်၊ နို့စားနွား(၂၃၉၅)ကောင်၊ အသားစားနွား (၁၄၇၂)ကောင်၊ စုစုပေါင်း (၁၉၁၁၉) ကောင်ကို မေထုန်မဲ့နည်းဖြင့် သားစပ်ပေးနိုင်ခဲ့ပြီး သားကောင်ပေါက်ရေ (၁၀၇၅၅) ကောင်

တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့တွင် သီးမွှေးငှက်ပျောသီးနှင့် ဖီးကြမ်းငှက်ပျောသီးများမှာ အရောင်းအဝယ်ကောင်းလျက်ရှိပါသည်။ သီးမွှေးငှက်ပျောသီးများကို ကျွဲပွဲမြို့၏ အနောက်ဘက် ၁၀မိုင်ခန့်အကွာတွင်ရှိသော ပဲခူးရိုးမတောင်ပေါ်ကျေးရွာများရှိ တောင်ယာစိုက်ခင်းများတွင်စိုက်ပျိုးပါသည်။

တောင်ငူမြို့သို့ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါဒေသမှ ဝင်ရောက်လာသောနာနတ်သီးများကို ကျောက်စိမ်းသီးဟုခေါ်ပါသည်။ အလုံးအလတ်နှင့် အကြီးများသာပါပြီး အလုံးသေးမှာ အနည်းငယ်သာပါပါသည်။ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (စတုတ္တအပတ်) တွင် အလုံးလတ်တစ်လုံးလျှင် ၁၃၀၀ကျပ်ပေးရပြီး ၁၀လုံးနှင့်အထက်ယူပါက တစ်လုံးလျှင် ၁၁၀၀ကျပ်အထိဈေးလျှော့ပေးပါသည်။ အလုံးက

ပဲခူးတိုင်းဒေသကြီးတွင် ကွမ်းသီးစိုက်ဧကအနေဖြင့် (၂၀၀၀)ကျော်တွင် တောင်ငူခရိုင်၌ စိုက်ဧက (၁၀၀၀)ကျော် စိုက်ပျိုးလျက်ရှိပြီး တောင်ငူခရိုင်နှင့် နယ်နိမိတ်ချင်း ဆက်စပ်လျက်ရှိသော ကရင်ပြည်နယ်၊ သံတောင်ကြီးဒေသတွင် ကွမ်းသီးစိုက်ဧက အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း ၊သံတောင်ကြီးဒေသ၏ ကွမ်းသီးစိုက်ဧကမှာ (၅၈၇၇)ဧကခန့်ရှိပြီး တစ်ဧက အထွက်နှု

တောင်ငူမြို့သို့ တောင်ငူမြို့နှင့် အနီးတဝိုက်ရှိ ရွာများမှ ဒေသထွက်အသီးအနှံများ လက်လီ/လက်ကားလာရောက်ရောင်းချလျက်ရှိသော ညောင်ပင်လေးဈေး၌ ၂၀၂၃ခုနှစ်၊ ဇူလိုင်လ (စတုတ္ထအပတ်) တွင် ပြောင်းဖူး (အသေး) တစ်ဖူးလျှင် ၁၀၀ကျပ်မှ ၁၅၀ကျပ်အထိရှိခဲ့ရာမှ ယခုအပတ်တွင် ပြောင်းဖူး (အသေး) တစ်ဖူးလျှင် ၂၀၀ကျပ်မှ ၂၅၀ ကျပ်အထိဈေးတက်လာခဲ့ပါသည်။
