ပြည်တွင်းကုန်သွယ်မှုသတင်းများ
ယခုအောက်တိုဘာလ နောက်ဆုံးပတ်တွင် ပြည်ဈေးကွက်၌ ခရမ်းသီးဈေးနှုန်းများမြင့်တက်လျက်ရှိပြီး ၅လုံးပါတစ်တွဲလျှင် ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် ကျပ်၇၀၀ခန့်ရှိခဲ့ရာ ယခုအပတ်တွင် ကျပ်(၁၂၀၀-၁၄၀၀)နှုန်းရှိနေပါသည်။ လက်လီ ခရမ်းသီးအချောတစ်လုံးလျှင် ယခင်စက်တင်ဘာလ၊ နောက်ဆုံးအပတ်တွင် ကျပ်၂၀၀ရှိခဲ့ရာ ယခုအပတ်တွင် ကျပ် ၃၅၀-၄၀၀ ထိဖြင့် ပြည်ဈေးကွက်အတွင်း ရ
"အသီးမှာ သရက်၊ အသားမှာ ဝက်၊ အရွက်မှာ လက်ဖက်" ဟူ၍အဆိုရှိသကဲ့သို့ ငါးတွင်လည်း "မယားမှာ ဆံတောက်၊ ငါးမှာ ငါးသလောက်" ဟူ၍ စာချိုးရှိကြပါသည်။ ငါးသလောက်ငါးမှာ ရေပေါ် ရေလွှာနေ ငါးများဖြစ်ကြသည်။ ရေချို၊ ရေငန်နှစ်မျိုးစလုံးတွင် နေထိုင်ကြပြီး ငါးသလောက်မျိုးစိတ်အားလုံးသည် ရာသီဥတုအလိုက် နေရာဒေသပြောင်းရွှေ့ကျက်စားသော သဘာဝရှိပြီး နေရာမရွေး၊ အချိန်မရွေ
ပဲဇောင်းလျားပင်ကို နေရာအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ ပဲဇောင်းလျားသီးကို ပြုတ်၍သော်လည်းကောင်း၊ သုပ်၍သော်လည်းကောင်း၊ သီးစုံဟင်းချက်၍သော်လည်းကောင်း၊ အချဉ်ဖတ်ပြုလုပ်၍သော်လည်းကောင်း ချက်ပြုတ်စားသောက်ကြပါသည်။
ကျွဲကောသီးများသည် ယခုအောက်တိုဘာလအတွင်း အရောင်းအဝယ်ဖြစ်၍ ဈေးကောင်းရရှိနေပါသည်။ ဈေးကောင်းရရှိသည့်အကြောင်းမှာ သီတင်းကျွတ်ကာလတွင် လူကြီးသူမများအား လက်ဆောင်ပေးခြင်း၊ ဘုရားများတွင် ဆွမ်းတော်ကြီးကပ်လှူခြင်းများပြုလုပ်ကြသည့်အတွက်ကြောင့်ပင် ဈေးကွက်အတွင်း ကျွဲကောသီးများ အရောင်းအဝယ်ဖြစ်နေပါသည်။ ခြံသမားများက ကျွဲကောသီးများကို တစ်နိုင်တစ်ပိုင်စီးပွား
တောင်ငူမြို့ရှိ စစ်တောင်းမြစ်နှင့် ခပေါင်းချောင်းဆုံရာ ဒေသအနီးရှိ ကျေးရွာများတွင် ကန်စွန်းစိုက်ခင်းများ၊ ချဉ်ပေါင်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိရာမှ ယခင်လက တောင်ငူခရိုင်အတွင်းရှိ စစ်တောင်းမြစ်ဝှမ်းတစ်လျှောက် ရေကြီးနစ်မြှုပ်မှုများဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကန်စွန်းခင်းများနှင့် ချဉ်ပေါင်ခင်းများပျက်စီးခဲ့ရသဖြင့် ကန်စွန်းရွက်နှင့်