Main menu

ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
08 May 2023

     စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့်အာလူးကို ယခင်က လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ်များတွင်စိုက်ပျိုးလျက်ရှိပြီး ယခုအခါစိုက်ပျိုးမှုအနည်းငယ်သာရှိသဖြင့် အခြားဒေသများဖြစ်သည့် ပင်လောင်း၊ အောင်ပန်းနှင့်နောင်တရားမြို့တို့မှ အများဆုံးတင်သွင်းရောင်းချလျက်ရှိပါသည်။ 

08 May 2023

     လွိုင်ကော်မြို့၊ ဈေးကွက်အတွင်းသို့ အခြားဒေသမှ စားသောက်ကုန်အများအပြားဝင်ရောက်လျက်ရှိပြီး ကြက်ဥကို ရှမ်းပြည်နယ်တောင်ကြီးဘက်မှ   အများဆုံးမှာယူတင်သွင်းရောင်းချလျက်ရှိပါသည်။

08 May 2023

      ၂၀၂၃ ခုနှစ် မေလ ပထမပတ်အတွင်း ရွှေဘိုမြို့နယ်တွင် အခြေခံစားကုန်များ ဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် ၃၈၀၀ကျပ်၊ ဧရာမင်းဆန်(သစ်) တစ်ပြည် ၃၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ကြက်သွန်နီ(သစ်) လက်လီဈေးမှာ (ကြီး) တစ်ပိဿာ ၂၀၀၀ကျပ်၊ (လတ်) တစ်ပိဿာ ၁၇၀၀ကျပ်၊ (သေး)တစ်ပိဿာ ၁၃၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖ

08 May 2023

       ကယားပြည်နယ်တွင် ဆန်စပါး၊ ပြောင်းကို အဓိကစိုက်ပျိုးပြီး အခြားသီးနှံများကိုလည်း သီးထပ်၊ သီးညှပ်အဖြစ်စိုက်ပျိုးကြ၍ စိုက်ပျိုးရေးအတွက် လိုအပ်သောသွင်းအားစုများကို အခြားဒေသများမှ မှာယူတင်သွင်းလျက်ရှိပါသည်။

08 May 2023

    ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ၂၀၂၃ခုနှစ်၊မေလ ပထမပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပုပ္ပားမြို့နှင့် မတ္တရာမြို့မှထွက်ရှိသည့် မာလကာသီး တစ်လုံးလျှင် (၂၀၀)ကျပ်မှ(၃၀၀)ကျပ်ထိ၊ဒေသတွင်းနှင့် ပြင်ဦးလွင်မြို့မှ စတော်ဘယ်ရီသီး တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၆၀၀၀)ကျပ်ထိ၊ ပန်းသီးတစ်လုံးလျှင် (၅၀၀)ကျပ်မှ

Pages