Main menu

ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
26 Nov 2024

         ဘူးသီးကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စိုက်ပျိုးကြပြီး တစ်နှစ်ပတ်လုံး အသီးသီးသော ဟင်းသီးဟင်းရွက်အုပ်စုဝင်အပင်လည်းဖြစ်ပါသည်။ ဘူးသီးစိုက်ပျိုးရာတွင် ရေများများ လောင်းနိုင်မှသာ အပင်ကြီးထွားပြီး အသီးများများတင်နိုင်သော်လည်း ရေအများသွင်းမိ၍ အပင်ခြေရင်းတွင် ရေဝပ်သွားပြီး အမြစ်ကို လေမတိုးခဲ့လျှင် အမြစ်များရိကာ အပင်သေသွားနိ

26 Nov 2024

         တောင်ငူခရိုင် အုတ်တွင်းမြို့နယ်တွင် ယခုနှစ် မိုးစပါး ၈၉၁၀၀ဧကစိုက်ပျိုးထားရာ ယခုအခါ ရိတ်သိမ်းနေပြီဖြစ်ပါသည်။ အများဆုံးစိုက်ပျိုးသော စပါးအမျိုးအစားများမှာ ထိုင်းနှံ ကောက်၊ ဆင်းသုခ၊ မနောသုခ၊ GW 11 နှင့် ဗျော့ထွန်းစပါးများဖြစ်ပါသည်။ ၁၆၅၄၀ဧကရိတ်သိမ်းပြီးစီးချိန် တွက်ချက်မှုအရ အထွက်နှုန်း ၉၈.၃၂ ရှိကြောင်း သက်ဆိုင်ရာဌာနမှ သိ

26 Nov 2024

        တောင်ငူမြို့ ညောင်ပင်ဈေးရှိ သစ်သီးဆိုင်များတွင် ထောပတ်သီးများပေါ်နေပြီဖြစ်ရာ ရောင်းအားကောင်းလျက်ရှိပါသည်။ ထောပတ်သီးများကို ရှမ်းပြည်နယ်တောင်ပိုင်းမှ တင်သွင်းလာခြင်းဖြစ်ပါသည်။ အရသာမှာ ဆိမ့်ပြီး အချိုဓာတ်ပေါ့သဖြင့် သကြားနှင့်ပေါက်၍ စားသုံးနိုင်သည့်အပြင် ထောပတ်သီးဖျော်ရည်ပြုလုပ်၍လည်းသုံးဆောင်နိုင်ပါသည်။

26 Nov 2024

        ဖြူးမြို့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အင်းလေးဒေသမှဝင်ရောက်လာသော ခရမ်းချဉ်သီးများမှာ အဆမတန် ဈေးမြင့်တက်လျက်ရှိပါသည်။ ယခင်နှစ်က ခရမ်းချဉ်သီးများမှာ ဈေးနှုန်းအသင့်အတင့်သာရှိခဲ့ပါသည်။

26 Nov 2024

        ရှမ်းပြည်နယ်ဒေသထွက်ကုန်ဖြစ်သော ယာကွန်ဥ (ခေါ်) ရေကန်စွန်းဥလေးများကို တောင်ငူမြို့ရှိ ဈေးကွက်ထဲတွင် အများအပြားတွေ့ရှိလာရပါသည်။  ယာကွန်ဥများကို မြေအောက်မှ တူးယူရရှိပါသည်။ ယာကွန်ဥကို ပြုတ်စရာမလိုဘဲ အခွံခွာ၍ အစိမ်းစားနိုင်ပါသည်။

Pages