ပြည်တွင်းကုန်သွယ်မှုသတင်းများ
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများတည်ငြိမ်ရေးအတွက် အခြေခံစားသောက်ကုန်များရောင်းချပေးခြင်းကို (၂၃.၁၂.၂၀၂၄) ရက်နေ့ နံနက် (၉:၀၀) နာရီက ကဒါ ရပ်ကွက်၊ မင်္ဂလာဈေးတွင် ရောင်းချလျက်ရှိကြောင်း သိရသည်။ ထိုသို့ရောင်းချရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်များဖြစ်သော အမဲသား တစ်ပိဿာ (၁၅၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်ဒေသရှိ ကုလားမတောင်တန်းနှင့် တောတောင်များ၊ ဥယျာဉ် ခြံများတွင် ကြက်ပေါင်သီးအပင်များမှာ သဘာဝအလျောက် ပေါက်ရောက်ရှင်သန်လျက်ရှိရာ ရာသီပေါ်ချိန်ကာလတွင် ဒေသခံများက မိသားစုအပိုဝင်ငွေရရှိရန်အတွက် ကြက်ပေါင်သီးများ ဆွတ်ခူးရောင်းချလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်း မြောက်ချောင်းဘက်ရှိ ကျေးရွာ များဖြစ်သော ရေနံ့သာ၊ ဆုံကုန်း၊ ခြောက်ပင်၊ သံပုရာ၊ ကျောက်ပတောင်း၊ ကျောက်ဆောင်း၊ ကျီးမီး၊ ရွာသာယာ စသည့် ကျေးရွာများတွင် ဒါးရမ်း(ခ)ကိုင်းမတ်ပဲများ စိုက်ပျိုးလျက်ရှိပြီး ၂၀၂၄ခုနှစ်၊ ဒီဇင်ဘာလတွင် လှိုင်လှိုင်ထွက်ရှိလျက်ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့၊ အောင်လံကုန်စည်ဒိုင်တွင် နှမ်းသီးနှံများကို အောင်လံ မြို့နှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ကျေးရွာများ၊ သရက်မြို့နယ်ရှိ ကျေးရွာတို့မှထွက်ရှိသည့် နှမ်း သီးနှံများနေ့စဉ် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
နှမ်းနက်(စမုံ)

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သည် လယ်ယာစိုက်ပျိုးထုတ်လုပ်သောမြို့ဖြစ်ပြီး ကျေးလတ် နေပြည်သူနှင့် မြို့နေလူအများစုမှာ စိုက်ပျိုးရေး၊ မွေးမြူရေးဖြင့် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပြီး အဓိကစိုက်ပျိုးသောသီးနှံများမှာ စပါး၊ ပဲမျိုးစုံ၊ နှမ်း၊ ဝါများဖြစ်ကြောင်း၊ ဝါများကို ၂၀၂၄ ခုနှစ်တွင် (၂၇၉၂၃)ဧက စိုက်ပျိုးခဲ့ကြောင်း စို
