Main menu

ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
16 Jul 2025
ကျွန်းလှမြို့တွင် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များ နှင့် မြို့တွင်းရပ်ကွက်ဈေးများတွင် ကုလားပဲ ချောင်းများကို မိမိတို့ ဒေသထွက်အချို့ နှင့် မန္တလေးမြို့တို့မှ မှာယူ ရောင်းချလျက်ရှိကြောင်း သိရှိရ ပါသည်။ ကုလားပဲချောင်းကြော်သည် ကြွပ်ကြွပ်ရွရွလေးဖြင့် စားလို့ကောင်းကာ ရာသီးမရွေး ရောင်းချ နိုင်သော စားသောက်ကုန် တစ်မျိုးဖြစ်ပါသည်။
16 Jul 2025
ကျွန်းလှမြို့၊ ပိတောက်မြိုင်ဈေးတွင် ကြက်သွန်နီ နှင့်ကြက်သွန်ဖြူများကို မိမိတို့ဒေသထွက် အနည်းငယ်နှင့် ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့တို့မှ အများဆုံး မှာယူရောင်းချလျက်ရှိ ကြောင်း သိရှိရပါ သည်။
16 Jul 2025
ကျွန်းလှမြို့ ရပ်ကွက်ဈေးများတွင် သစ်သီးဝလံမျိုးစုံဖြစ်သည့် ပန်းသီး၊ စပျစ်သီး၊ ပန်းသစ်တော် သီး၊ ဖရဲသီး၊ ကြက်မောက်သီး၊ နာနတ်သီး၊ ငှက်ပျောသီး နှင့်သခွားမွှေးသီးတို့ ရောင်းချလျက်ရှိရာမှ ကြက်မောက်သီးကိုလည်း မန္တလေးမြို့နှင့်လားရှိုးမြို့တို့မှ ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရသည်။
16 Jul 2025
ကျွန်းလှမြို့၊ ပိတောက်မြိုင်ရပ်ကွက်အတွင်း မိမိတို့ တောင်ယာများအတွင်း စိုက်ပျိုးပြီး ထွက်ရှိသည့် သရက်သီးများကို အခြား ဒေသများသို့ ပို့ဆောင်ရောင်းချရန် အဆင်မပြေသည့်အတွက် မိမိဒေသတွင်သာ R2E2 သရက်သီးမှည့်များကို လှိုင်လှိုင်ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
16 Jul 2025
သရက်သီး ရာသီချိန်ကုန်တော့မည် ဖြစ်သော်လည်း ရင်ကွဲသရက်နှင့် ပတ္တမြားငမောက် သရက်သီးများမှာ ဝင်ရောက်လျက်ရှိကြောင်း သိရသည်။ ပတ္တမြားငမောက် သရက်သီးများသည် အလုံး အရွယ်အစားကြီးပြီး အသားထူသောကြောင့် လူကြိုက်များသည်။ ပတ္တမြားငမောက် သရက် မျိုးများကို မုံရွာမြို့နယ်နှင့် အနီးတစ်ဝိုက် ဒေသများရှိ ကျေးရွာများမှ စိုက်ပျိုး၍ စစ်ကိုင်းတိုင်း ဒေသကြီး၊ မုံရွာခရိုင်

Pages