ပြည်တွင်းကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်၊ ပြည်မြို့နယ် ပြည်ကုန်စည်ဒိုင်၏ ပဲမျိုးစုံရောင်းဝယ်လျက်ရှိရာ မတ်ပဲ၊ ပဲတီစိမ်း၊ ကုလားပဲ၊ ပဲကြီးသီးနှံများအရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။
မတ်ပဲ
ပြည်ချင်းပွဲရုံများတွင် ယခုအပတ်၌ ချင်းအရောင်းအဝယ်အေးလာပြီး ချင်းဈေးနှုန်းမှာ ယခင်အပတ်ဈေးအတိုင်း ငြိမ်လျက်ရှိနေပါသည်။ ယခင်က ပွဲတော်ရာသီနှင့် ကထိန်အလှူများရှိသဖြင့် အရောင်းအဝယ်ကောင်းလာ၍ ဈေးအနည်းငယ်မြင့်တက်လာပြီး ယခုနိုဝင်ဘာလ၊ နောက်ဆုံးအပတ်မှစပြီး ဓားလှီးချင်း (ဖတ်) လုပ်ငန်းရှင်တို့ရောင်းဝယ်မှုနှင့် လက်လီဈေး ရောင်းဝယ်ရေးသမ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ တောင်ခွေးရဲကျေးရွာမှ တောင်သူဦးချင်း၏ လယ်ယာမြေ (၀.၂၅)ဧကတွင် သခွားသီးများကို တစ်နိုင်တစ်ပိုင်စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေများတိုးပြီး စီးပွားရေးအဆင်ပြေလျက်ရှိကြောင်းသိရပါသည်။
၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ စတုတ္ထအပတ်တွင် ကျိုင်းတုံမြို့ဈေးကွက်ရှိ ဘိလပ်မြေနှင့် ဓာတ်မြေဩဇာ ဈေးနှုန်းအနေဖြင့် ဘိလပ်မြေ ကျားတံဆိပ် (40)kg တစ်အိတ်လျှင် (၂၈၀၀၀)ကျပ်၊ ဆင်တံဆိပ် (50)kg တစ်အိတ်လျှင် (၃၀၀၀၀)ကျပ်၊ စိန်တံဆိပ် (50)kg တစ်အိတ်လျှင် (၃၀၀၀၀) ကျပ်ဖြစ်ပါသည်။ တာချီလိတ်မြို့ဈေးကွက်ရှိ ဘိလပ်မြေဈေးနှုန်းများမှာ ကျားတံဆိပ် (40
ပုသိမ်ခရိုင်အတွင်းရှိ မြို့နယ်များမှ မိုးစပါး၊ နွေစပါးစိုက်ဧက ၇၃၅၈၃၅ဧကရှိပြီး အထွက်တင်းအားဖြင့် ၆၈၄၇၀၂၉၆တင်းထွက်ရှိပြီး စားသုံးမှု၊ မျိုး၊ အလေအလွင့်နှင့် အခြားစားသုံးမှုမှာ ၂၁၀၅၆၂၁၃တင်းရှိသည့်အတွက် စပါးပိုလျှံမှု ၄၇၄၁၄၀၈၃တင်းပိုလျှံပါသည်။ ပိုလျှံသည့်စပါးများအား ဆန်အဖြစ်ကြိတ်ခွဲပြီး အထက်အညာဒေသသို့တင်ပို့လျက်ရှိပြီး အ