ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ မယ်ဇလီတောကျေးရွာ၌ တောင်သူ(၄၀)ဦးအနေဖြင့် ဆောင်းသီးနှံပဲကြီးဖြူစိုက်ဧက(၅၀)ခန့်ကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ (ဒုတိယပတ်)မှ စတင်စိုက်ပျိုးလျက်ရှိကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားပဲမျိုးစုံကို အဓိကထားစိုက်ပျိုး၍ အခြားတိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိပြီး မကွေး၊ တောင်တွင်းကြီး၊ အောင်လံ၊ ရေနံချောင်း၊ ဆိပ်ဖြူနှင့် ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံများ ပုံမှန်အရောင်းအဝယ်
မကွေးတိုင်းဒေသကြီးသည် နှမ်း၊ မြေပဲနှင့် ပဲမျိုးစုံသီးနှံတို့ အဓိကစိုက်ပျိုးထွက်ရှိသည့် ဒေသတစ်ခုဖြစ်ပြီး ကုန်ကျစရိတ်သက်သာ၍ စိုက်ပျိုးရလွယ်ကူသည့် ပဲစင်းငုံသီးနှံကို မကွေးခရိုင်၊ မင်းဘူးခရိုင်၊ သရက်ခရိုင်၊ ပခုက္ကူခရိုင်နှင့် ဂန့်ဂေါခရိုင်များ၌ ၂၀၂၄ခုနှစ်တွင် စိုက်ဧက ၁၈၂၀၀၀ဧကခန့်စိုက်ပျိုးထားရှိကြောင်းသိရသည်။
သဘာဝဘေးအန္တရာယ် ရေကြီးမှုဒဏ်ခံခဲ့ရသော အောင်ပန်းမြို့သည် ယခုအခါတွင် ရေများ ပြန်ကျဆင်းသွားပြီဖြစ်၍ ယခင်ကကဲ့သို့ ကုန်စိမ်းဈေးကွက် ပြန်လည်ဦးမော့လာပြီဖြစ်ပါသည်။ ရှေ့ရက်များတွင် ရေလွှမ်းမိုးမှုကြောင့် သီးနှံဈေးနှုန်းများလျော့နည်းခဲ့သော်လည်း ယခုအခါတွင် ကုန်စိမ်းဈေးနှုန်းများ ပြန်လည်မြင့်တက်လာပြီဖြစ်ကြောင်း တောင်သူတစ်ဦးထံမှသိရပါ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ အောင်ပန်းမြို့နှင့် အနီးတဝိုက်ရှိ ကျေးရွာများနှင့် မြို့များတွင် ရာသီပေါ်သီးနှံဖြစ်သော ပန်းမုန်လာပွင့်များ စတင်ပေါများစွာထွက်ပေါ်လာပြီဖြစ်ကြောင်းသိရသည်။ အောင်ပန်း၊ ရေချို၊ လဲချားနှင့် အနီးတဝိုက်ရှိကျေးရွာများမှ တောင်သူများသည် ပန်းမုန်လာပွင့်များကို စီးပွားဖြစ်သော်လည်းကောင်း၊ တစ်နိုင်တစ်ပိုင် စာ