ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ မကွေးဈေးကွက်သို့ မြို့နယ်အတွင်းရှိ မိကျောင်းရဲ၊ လျောင်းတော်ဦး၊ ကံသစ်၊ ရွာဟောင်းကန်၊ ပုထိုးစမ်း၊ ကန်ပြား၊ သစ်ရာကောက် စသည့်ကျေးရွာများနှင့် စလင်း၊ ဆင်ဖြူကျွန်း၊ နတ်မောက်မြို့တို့မှထွက်ရှိသော နှမ်းမျိုးစုံနှင့် အခြားပဲမျိုးစုံများ ဝင်ရောက်ရောင်းဝယ်ဖောက်ကားလျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးဈေးကွက်၌ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများမှထွက်ရှိသည့် ပဲကြီးဖြူများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ကမ်းရင်ကျေးရွာတွင် စားဖိုဆောင်သီးနှံဖြစ်သည့် ခဝဲသီးကို တစ်နှစ်ပတ်လုံး မြေအောက်ရေတင်စနစ်ဖြင့် စိုက်ဧက (၇) ဧကခန့်စိုက်ပျိုးထားကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ တောင်သူများသည် စပါး၊ နှမ်း၊ ပဲ၊ ပြောင်း၊ ငရုတ် စသည့်သီးနှံများကို အများဆုံးစိုက်ပျိုးကြသော်လည်း စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းချဉ်သီးကိုလည်း စီးပွားဖြစ်စိုက်ပျိုးလာသည်ကိုတွေ့ရှိရပါသည်။ ခရမ်းချဉ်စိုက်ပျိုးမည်ဆိုလျှင် မျိုးစေ့ကို ပျိုးပေါင်ဖြင့်ပျိုးထောင်ပြီး ပျိုးပင်(၁)လသားက

ရှမ်းလူမျိုးများ၏ ရိုးရာအစားအစာများထဲတွင် ပဲပုပ်သည် ထိပ်ဆုံးမှ ပါဝင်လျက်ရှိပါသည်။ အောက်ပြည်အောက်ရွာမှ လူအများတို့သည် ထမင်းဝိုင်းတွင် ငါးပိမပါလျှင် မပြီးမပြည့်စုံသကဲ့သို့ ရှမ်းလူမျိုးတို့၏ နေ့စဉ်ဟင်းလျာတွင်လည်း ပဲပုပ်မပါလျှင် မပြီးမပြည့်စုံနိုင်ဖြစ်ရပါသည်။ ထို့ကြောင့်လည်း ရှမ်းလူမျိုးများကို ပဲပုပ်နှင့်တွဲဖက်၍မြင်ကြသောကြ