ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးမြို့ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များဖြစ်သော မြ၊ ပွင့်သာ၊ လမ်းသစ်၊ ပါရမီ၊ ရွှေဂန္ဓာ၊ ရွှေမြန်မာ၊ ဆန်းသစ်၊ စိန်ကျောက်ဆူးနှင့် ဆန်းရှိုင်း အစရှိသည့်ဆိုင်များတွင် သွပ်၊ သံ၊ အခြားပစ္စည်းများနှင့် ဘိလပ်မြေ၊ ထုံးများရောင်းချလျက်ရှိပါသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ ကျေးရွာများတွင် နှမ်း၊ မြေပဲ၊ နေကြာ၊ ဝါ၊ ဆန်စပါး၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ရွာတော်ကျေးရွာတွင် နေကြာသီးနှံစိုက်ဧက ၁၅ဧကခန့်စိုက်ပျိုးထားရှိကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံနှင့် ပဲမျိုးစုံတို့ကို အဓိကစိုက်ပျိုးထွက်ရှိသော ဒေသတစ်ခုဖြစ်ပြီး ပန်းမျိုးစုံလည်း စိုက်ပျိုးဖြစ်ထွန်းလျက်ရှိပြီး ဒေသတွင်းပန်းများနှင့် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့မှ ပန်းမျိုးစုံတို့ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ ကွင်းကျေးရွာတွင် နှမ်း၊ မြေပဲ၊ စပါး၊ ပဲကြီး၊ ကုလားပဲ၊ ပဲစင်းငုံ၊ ပဲတီစိမ်းနှင့် ကြက်သွန်နီတို့ကို အဓိကစိုက်ပျိုးထွက်ရှိပြီး စားဖိုဆောင်သီးနှံဖြစ်သည့် ခရမ်းချဉ်သီးနှံကိုလည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးကြကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်ရှိ ကျေးရွာများ၌ နှမ်း၊ မြေပဲ၊ ဆန်စပါး၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံတို့ကို နှစ်စဉ်စိုက်ပျိုးလျက်ရှိရာ ပေါက်တောကျေးရွာတွင် ပဲတီစိမ်းသီးနှံစိုက်ဧက ၃၈ဧကခန့်စိုက်ပျိုးထားရှိကြောင်း သိရသည်။
