ပြည်တွင်းကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကျောက်တန်းကျေးရွာတွင် နှစ်စဉ် နှမ်း၊ ပဲမျိုးစုံတို့အပြင် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးလျက်ရှိရာ လူအများ နှစ်ခြိုက်စွာ စားသုံးကြသည့် ဖရဲသီးနှံကိုလည်း တစ်နိုင်တစ်ပိုင် စီးပွားဖြစ်စိုက်ပျိုးကြောင်း သိရသည်။
၂၀၂၄ ခုနှစ်၊ မိုးရာသီ အောက်တိုဘာလတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ ရေပေါ်ဈေးရှိ ကုန်စိမ်းသီးနှံ ဈေးနှုန်းအနည်းငယ်တက်နေသော်လည်း ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သတင်းရရှိသည်။
၂၀၂၄ခုနှစ်၊ အောက်တိုဘာလ ၁ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းသည် ကန့်ဘလူမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းရောင်းချသည့်ဆိုင်များသို့ အပတ်စဉ် သွားရောက်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်ရာ ကန့်ဘလူမြို့နယ်အတွင်းရှိ ထန်းကုန်းကျေးရွာ၊ မိုးကောင်း ကျေးရွာ၊ ညောင်ဇင်ကျေးရွာ၊ ကံရိုးကျေးရွာနှင့် အခြားသောကျေးရွာများတွင် ပဲတီစိမ်းသီးနှံကိုစိုက်ပျိုးကြကြောင်း၊ ယခုအခါ ပဲတီစိမ်းသီးနှံများ ဈေးကွက်အတွင်း ဝင်ရောက

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်ကြသည့် နိုင်ငံဖြစ်သည်နှင့်အညီ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်သည်လည်း လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများကို အဓိကထားလုပ်ကိုင်သော ဒေသတစ်ခုဖြစ်သည်။ ယခုအခါ ဆီထွက်သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ နေကြာသီးနှံကိုလည်းစိုက်ပျိုးကြကြောင်းသိရသည်။
