ပြည်တွင်းကုန်သွယ်မှုသတင်းများ
အင်္ဂပူမြို့နယ် ၊ ကံဦးအုပ်စု၊ ကံဦးကျေးရွာတွင် ဒေသထုတ်ကုန်ဖြစ်သော ရွှေပြည်သား “ရွှေသီဟ”ပဲချောင်းကြော်လုပ်ငန်းအား မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းအဖြစ် ထုတ်လုပ်ရောင်း ချလျက်ရှိပြီး မိမိတို့ဒေသဈေးကွက်အပြင် ခရိုင်အတွင်း ဟင်္သာတ၊ ဇလွန်မြို့နယ်များသို့လည်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

ကွမ်းသီးနုများသည် ဇွန်လ၊ ဇူလိုင်လများတွင် လှိုင်လှိုင်ထွက်ရှိပြီး ဩဂုတ်လ၊ စက်တင်ဘာလများတွင် တဖြည်းဖြည်းရင့်မာလာကြသည်။ ကွမ်းသီးနုရာသီကုန်ဆုံးချိန် စက်တင်ဘာလနောက်ပိုင်းတွင် မွန်ပြည်နယ်၌ ကွမ်းသီးနုများ ဈေးနှုန်းမြင့်တက်လျက်ရှိကြောင်းသိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၌ မိုးမြေပဲ စိုက်ဧက လေးထောင်ကျော်ခန့် နှစ်စဉ်စိုက်ပျိုးလျက်ရှိပါသည်။ မြို့နယ်အတွင်းရှိဒေသခံတောင်သူများသည် ရေ၊ မြေ၊ ရာသီဥတုကောင်းမွန်သည့်အတွက် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်ကြကြောင်းသိရှိရပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်တွင် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ကြပြီး စပါး၊ နှမ်း၊ မြေပဲ၊ နေကြာ တို့ကို ရာသီအလိုက်စိုက်ပျိုးလျက်ရှိရာ မိုးနှမ်းသီးနှံကို စိုက်ဧက ၄၀၀၀ကျော်စိုက်ပျိုး ထားရှိကြောင်းသိရသည်။

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်သည် စိုက်ပျိုးရေးကိုအဓိကထား၍ အသက်မွေးဝမ်းကြောင်းလုပ်ကိုင်ကာ စီးပွားရေးဖွံ့ဖြိုးလျက်ရှိသော မြို့နယ်ဖြစ်ပါသည်။ ဆန်စပါး၊ မတ်ပဲတို့ကို အဓိကထား၍ စိုက်ပျိုးသည့်အပြင် ရာသီပေါ်သီးနှံများဖြစ်သော ငရုတ်၊ ဂေါ်ဖီ၊ သခွား၊ ရုံးပတီ၊ ချဉ်ပေါင်တို့ကိုလည်း ဒေသတွင်းစားသုံးရန်သာမက အခြား
