ပြည်တွင်းကုန်သွယ်မှုသတင်းများ
တောင်ငူမြို့ အနီးဝန်းကျင် တပိုင်တနိုင်စိုက်ပျိုးရေးလုပ်ငန်းများမှ စိုက်ပျိုးသော ဟင်းသီးဟင်းရွက်များမှာ ထွက်ရှိလာပြီဖြစ်ရာ ညောင်ပင်ဈေးတွင် လာရောက် ရောင်းချ ကြပါသည်။ ဒေသထွက် နံနံပင်မှာ ၁၀ စည်းပါ တစ်ကုံးလျှင် ၄၀၀ ကျပ်၊ ၃ ကုံးလျှင် ၁၀၀၀ ကျပ် ပေးရပါသည်။ ရှမ်းနံနံမှာ ယခင်က ၁၀ ကျပ်သားလျှင် ၂၀၀၀ ကျပ်အထိ ရှိခဲ့သော်လည်း ယခုအခါ တစ
တောင်ငူမြို့ အနီးဝန်းကျင် ပြောင်းဖူးစိုက်ခင်းများမှ ပြောင်းဖူးများ စတင်ထွက်ရှိလာပြီ ဖြစ်သဖြင့် ညောင်ပင်ဈေးတွင် ရောင်းချနေပြီဖြစ်ပါသည်။ သကြားပြောင်းဖူး အသေးမှာ တစ်ဖူးလျှင် ၃၀၀ ကျပ်၊ ၁၀ ဖူးယူလျှင် ၂၅၀၀ ကျပ်၊ အကြီး တစ်ဖူးလျှင် ၅၀၀ ကျပ်၊ ၁၀ ဖူးယူလျှင် ၄၀၀၀ ကျပ်ဖြင့် ရောင်းချပါသည်။
တောင်ငူမြို့နယ်၊ ဒိုးအင်းကျေးရွာအုပ်စု၊ ကုက္ကိုလ်ပေါက်ကျေးရွာမှ ဒေါ်သန္တာကျော်အေး ၏ ကြက်မွေးမြူရေးလုပ်ငန်းသည် အောင်မြင်လျက်ရှိပြီး တစ်ကြိမ်လျှင် စီပီအသားတိုးကြက်အကောင် ၁၀၀၀၀ ကို မွေးမြူထားရှိပါသည်။ တစ်ခြံလျှင် အကောင် ၂၅၀၀ ဖြင့် ခြံ ၄ ခြံရှိပါသည်။
မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်း၊ သိုလှောင်၊ ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးများ၏ စက်သုံးဆီ ရည်ညွှန်းလက်ကားဈေးနှုန်းများအား နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပါသည်။
ပြည်ပဲဈေးကွက်မှာ လက်လီသာအရောင်းအဝယ်ဖြစ်သော်လည်း ဈေးကောင်းရနေသည့်သီးနှံမှာ စားတော်ပဲသီးနှံဖြစ်ပါသည်။ စားတော်ပဲသီးနှံဆိုလျှင် ပဲပြုတ်ရောင်းချ သူများနှင့် အခြား လက်လီသမားများဝယ်ယူမှုရှိသောကြောင့် တစ်ရက်လျှင်၁၅အိတ်၊ ၂၀ ကျော်ရောင်းချမှုဖြစ်ပြီး ပဲဈေးနှုန်းမှာ ပိဿာ၂၀ တစ်တင်း ၁၂၅၀၀ ကျပ်ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ စာ