ပြည်တွင်းကုန်သွယ်မှုသတင်းများ
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်၌ ၂၀၂၄တွင် မိုးစပါးကို ဟင်္သာတမြို့နယ်တွင် (၆၆၆၅၄) ဧက၊ ဇလွန်မြို့နယ်တွင် (၃၀၅၄၆)ဧကနှင့် လေးမျက်နှာမြို့နယ်တွင် (၃၀၂၄၅)ဧက၊ စုစုပေါင်း (၁၂၇၄၄၅)ဧက စိုက်ပျိုးကြပြီး၊ သီးထပ်အဖြစ် မတ်ပဲ၊ ပဲတီစိမ်းနှင့် နွေစပါးတို့ကိုစိုက်ပျိုးကြပါသည်။ လေးမျက်နှာမြို့နယ်၏ တစ်ချို့သောဒေသများတွင် မြစ်ရေများတက်သောကြောင့် ရေက

မြန်မာပြည်တွင် အထင်ရှားဆုံးဟင်းခတ်အမွှေးအကြိုင်မှာ နံနံပင်ဖြစ်ပြီး အစေ့ကိုလည်း ဟင်းခတ်မဆလာတွင် သုံးနိုင်သည်။ မြန်မာဟင်းများတွင်သာမက မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ အသုတ်စုံတို့တွင်လည်း တွဲဖက်အသုံးပြုသည်။ နံနံပင်ကို တို့စရာအဖြစ်လည်း စားသုံးကြသည်။ နံနံပင်သည် ဆောင်းရာသီတွင် အထူးဖြစ်ထွန်းပြီး ကျန်ရာသီများတွင်ရှားပါးကာဈေးကြီးပ

၁၂-၁၀-၂၀၂၄ ရက်နေ့တွင် ပေါင်မြို့နယ်၊ မင်္ဂလာဈေး၌ စားသုံးသူပြည်သူများ သက်သာချောင်ချိရေးအတွက် အခြေခံစားသောက်ကုန်များဖြစ်သော ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊ အသားငါးများကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်တွင် မိုးမြေပဲ (၇၂၀၂ဧက)၊ ဆောင်းမြေပဲ (၁၁၆၀၅ဧက)ကို နှစ်စဉ်စိုက်ပျိုးထုတ်လုပ်လျက်ရှိပါသည်။ မြန်အောင်မြို့နယ်အတွင်း ထူးခြားသော ရေမြေသဘာဝကောင်းမွန်သည့်အတွက် လယ်ယာကိုင်းကျွန်းလုပ်ကိုင်စားသောက်ကြသည့်တောင်သူများ တွက်ခြေကိုက်လျက်ရှိကြသည်။ အထူးသဖြင့် ပြည်တွင်းစားသုံးဆီဖူလု

အောက်တိုဘာလ ၉ရက်နေ့၊ နံနက်ပိုင်းမှစ၍ စက်မှုလုပ်ငန်းသုံးဆီထုတ်ယူမည့် လုပ်ငန်းရှင်တစ်ဦးချင်းစီအား မြန်အောင်မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စက်မှုလုပ်ငန်းသုံး စားအုန်းဆီများဖြန့်ဝေရောင်းချ ပေးလျက်ရှိကြောင်းသိရှိရပါသည်။ မြန်အောင်မြို့နယ်အတွင်းရှိ စက်မှုလုပ်ငန်းသုံး စားအုန်းဆီထုတ်ယူမည့် လုပ်ငန်းရှင်(၂၁၁)ဦးရ
