Main menu

ပြည်တွင်းကုန်သွယ်မှုသတင်းများ

Powered by Drupal
10 Oct 2024

     မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီဈေးတွင် ခရမ်းချဉ်သီးကို ဒေသတွင်းရှိ ကျေးရွာများဖြစ်သော မယ်ဇလီတော၊ ဥယျာဉ်၊ ပန်းတော်ပြင်စသည့်ကျေးရွာများအပြင် တောင်တွင်း ကြီးမြို့၊ မကွေးမြို့၊ မင်းဘူးမြို့နှင့် ရှမ်းပြည်နယ် တောင်ကြီးမြို့၊ အောင်ပန်းမြို့တို့မှ မှာယူရောင်းချကြောင်း သိရသည်။

10 Oct 2024

   မကွေးတိုင်းဒေသကြီး၊ မကွေးဈေးကွက်၌ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများမှ မိုးမြေပဲများ လှိုင်လှိုင်ထွက်ရှိပြီး နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

10 Oct 2024

     မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မကွေးဈေးကွက်၌ မကွေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် မင်းဘူးခရိုင်အတွင်းရှိ ကျေးရွာများမှ ထွက်ရှိသည့် ကုလားပဲသီးနှံများ နေ့စဉ်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊  ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (ပထမပတ်)တွင် ကုလားပဲဝါ(929) တစ်တင်းလျှင် ငွေကျပ် (၉၉၀၀၀)၊ ကုလားပဲဝါ(HL) တစ်တင်းလျှင်  ငွေကျပ်(၉၇၀၀၀)၊ ကုလာ

09 Oct 2024

         မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဒေသထွက်ရာသီစာကျွဲကောများ လှိုင်လှိုင်ထွက်ရှိနေပြီး ဖြစ်ကြောင်းသိရသည်။ ယခုနှစ် စက်တင်ဘာလအစောပိုင်းကတည်းက စတင်ခူးဆွတ်ရောင်းချနေသည့် ပေါင်မြို့နယ်ထွက် ဓာတ်ကျွဲကောသီးများမှာ ဈေးကွက်အတွင်း ဝယ်ယူစားသုံးသူများပြားလျက်ရှိသည်။

09 Oct 2024

       ရာသီသီးနှံမျိုးစုံတစ်မျိုးထဲမှ ဩဇာသီးဈေးကွက်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ ဩဇာပင်သည်မြေအမျိုးအစားမရွေး မည်သည့်ဒေသမဆို စိုက်ပျိုးဖြစ်ထွန်နိုင်ပါသည်။ ဩဇာပင်သည် မိုးခေါင်သည့်ဒဏ်ကိုကောင်းစွာခံနိုင်သော်လည်း၊ ရေဝပ်သည့်ဒဏ်ကိုမခံနိုင်သည့်အတွက် ပြည်မြို့ဝန်းကျင်ကျေးရွာများနှင့် ကျောက်ပန်းတောင်မြို့နယ် ပုပ္ပါးကျေးရွာများတွင် စိုက်ပျ

Pages