မန္တလေးတိုင်းဒေသကြီး ၊မြင်းခြံခရိုင်၊ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန(community center)ခန်းမ၌ (၁၃.၁၂.၂၀၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ အများပြည်သူသိရှိနိုင်ရန်အတွက် talk show အစီအစဉ်အား ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ talk showအစီအစဉ်တွင်စားသုံးသူရေးရာဦးစီးဌာန ငါန်းဇွန်မြို့နယ်တာဝန်ခံမှ စားသုံးသူကာကွယ်ရေးဉပဒေပါ စားသုံးသူကာကွယ်ရေး၏ အဓိပ္ပာယ်၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများ ကုန်စည်(သို့)ဝန်ဆောင်မှုကို ဝယ်ယူအသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက တိုင်းဒေသကြီး၊ ပြည်နယ်များနှင့် ခရိုင်များအလိုက် တိုင်ကြားနိုင်သည့် စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ (CICC)များသို့ တိုင်ကြားနိုင်ပါကြောင်း၊ နစ်နာဆုံးရှုံးမှုများအတွက် နစ်နာသည့်စားသုံးသူမှဖြစ်စေ၊ နစ်နာသည့်စားသုံးသူ၏မိသားစုဝင်များ၊ နစ်နာသည့်စားသုံးသူနှင့်ဆက်နွယ်သော ပုဂ္ဂိုလ်များ၊ အစိုးရဌာနအဖွဲ့အစည်းများ၊ တရားဝင်မှတ်ပုံတင်ထားသည့် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသင်းအဖွဲ့များမှဖြစ်စေ နစ်နာဆုံးရှုံးမှုအတွက် တိုင်ကြားနိုင်ပါကြောင်း၊ စားသုံးသူများအနေဖြင့် စားသုံးသူရေးရာဦးစီးဌာနနှင့်ပတ်သက်သော သတင်းအချက်အလက်များကို အလွယ်တကူ မေးမြန်းစုံးစမ်းနိုင်ရန်၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ ဝယ်ယူသုံးစွဲရာ တွင်နစ်နာဆုံးရှုံးမှုဖြစ်ပေါ်ပါက ဌာနသို့အလွယ်တကူဆက်သွယ်တိုင်ကြားနိုင်ရန်၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်စည်(သို့)ဝန်ဆောင်မှုများ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် လိုက်နာရမည့်အချက်များကို အလွယ်တကူ စုံစမ်းနိုင်ရန် ရည်ရွယ်၍ (consumer call center)ကို ၂၀၂၁ ခုနှစ် ဇွန်လ ဒုတိယပတ်မှစ၍ စမ်းသပ်ကာလအဖြစ် ဖွင့်လှစ်ထားရှိရာ Telenor ၊ooredoo ၊ mytel sin card အသုံးပြုသူများအနေဖြင့် short code 1535 ဖြင့်လည်းကောင်း၊ mpt sin cardအသုံးပြုသူများအနေဖြင့် long code 09765481535 ကိုလည်းကောင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း၊ မကြာမီတရားဝင်ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး (၁၁:၁၅)နာရီအချိန်တွင် Talk Show အစီအစဉ်ပြီးဆုံးခဲ့ပါသည်။
စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ Online အစီအစဉ်ဖြင့် စားသုံးသူကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ စားသုံးသူများ အတွက် ကုန်စည်နှင့်ဝန်ဆောင်မှုကြောင့် ထိခိုက်နစ်နာဆုံးရှုံးစေမှု ကာကွယ်နိုင်ရေး အသိပညာပေး ဆောင်ရွက်သွားမည်ဖြစ်သလို ထုတ်လုပ်သူစီးပွားရေးလုပ်ငန်းရှင်များ မိမိတို့၏ ကုန်စည်ထုတ်လုပ်ရာ တွင်လည်းကောင်း၊ ဖြန့်ဖြူးရောင်းချရာတွင်လည်းကောင်း စားသုံးသူများအတွက် လုံခြုံစိတ်ချရမှု ရရှိ စေနိုင်သည့် ကုန်စည်များထုတ်လုပ်ခြင်းအားဖြင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ထုတ်ကုန်များ ဘေးအန္တရာယ်ကင်းရှင်းပြီး အရည်အသွေးမြင့်မားလာစေရန် ရည်ရွယ်၍ စားသုံးသူကာကွယ်ရေးလုပ် ငန်းများကို ဆထပ်ထမ်းပိုး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အများပြည်သူ သိရှိစေရန်အတွက် ရေးသားဖော်ပြလိုက်ရပါသည်။
စားသုံးသူရေးရာဦးစီးဌာန(မန္တလေးတိုင်းဒေသကြီး)