MSMEs လုပ်ငန်းများအား ပြည်နယ်ဝန်ကြီးချုပ်က ကွင်းဆင်းကြည့်ရှုစစ်ဆေး

Powered by Drupal

    မွန်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဘက်ပေါင်းစုံမှ တွန်းအားပေးဆောင်ရွက်လျက်ရှိရာ (၉-၁၁-၂၀၂၃) ရက်နေ့တွင် MSMEs လုပ်ငန်းများလည်ပတ်ဆောင်ရွက်နေမှုအခြေအနေကို ပြည်နယ်ဝန်ကြီးချုပ်က ကွင်းဆင်းကြည့်ရှုခဲ့ရာ စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးသည် လိုက်ပါပူးပေါင်းဆောင်ရွက်ခဲ့သည်။

    ထိုသို့ ကွင်းဆင်းလေ့လာရာတွင် မော်လမြိုင်မြို့၊ လမုတန်းရပ်၊ ကမ်းနားပိုင်းရှိ Export Quality အဆင့်မီဆန်များထုတ်လုပ်မည့် တစ်နေ့လျှင် တန် (၆၀) ထုတ်လုပ်နိုင်သော “ရွှေမြိုင်” ခေတ်မီအဆင့်မြင့်ဆန်စက်သို့ရောက်ရှိပြီး ဆန်စက်တည်ဆောက်နေမှုအခြေအနေ၊ သိုလှောင်ရုံများတည်ဆောက်မည့်အစီအစဉ်၊ ဆိပ်ခံတံတားဆောက်လုပ်မည့်အစီအစဉ်များအား လေ့လာကြည့်ရှုခဲ့သည်။

   အဆိုပါ ဆန်စက်တည်ဆောက်ပြီးပါက မွန်ပြည်နယ်အတွက် ပို့ကုန်အလားအလာရှိသော Export Quality အဆင့်မီ အရည်အသွေးမြင့်ဆန်များကို ပိုမိုထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းသိရှိရသည်။

DOCA(မွန်)