ပြည်ခရိုင်အတွင်း ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ ကွင်းဆင်းစိစစ်ခြင်းများဆောင်ရွက်

Powered by Drupal

        ၂၀၂၁ခုနှစ် ဒီဇင်ဘာလတွင် စားသုံးသူရေးရာဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်အတွင်းရှိ ရွှေတောင်မြို့နယ်၊ သဲကုန်းမြို့နယ်၊ ပြည်မြို့နယ်တွင် ဒီဇင်ဘာလ (၂၂)ရက်နေ့၊ ပေါက်ခေါင်းမြို့နယ်နှင့် ပေါင်းတည်မြို့နယ်တို့တွင် သက်ဆိုင်ရာမြို့နယ်တာဝန်ခံများဦးဆောင်၍ မြို့နယ်အလိုက် ဖွဲ့စည်းထားသော စျေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့ဝင်များဖြင့် ဆေးနှင့်ဆေးပစ္စည်း လက်လီလက်ကား ရောင်းချနေသော ဆေးဆိုင်များသို့ သွားရောက်၍ ဆေးဝါးနှင့်ဆေးပစ္စည်းများ ပစ္စည်းပြတ်လပ်မှုမရှိစေရေး၊ စျေးနှုန်းများ အဆမတန် ရောင်းချမှုမရှိစေရေးနှင့် အရည်အသွေးပြည့်မီသော ဆေးဝါးများကိုသာ ရောင်းချစေရေး ကွင်းဆင်းခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။

          ယင်းသို့ ကွင်းဆင်းစိစစ်ဆေးခြင်းများ ဆောင်ရွက်ရာတွင် ပြည်ခရိုင်အတွင်းရှိ ကွင်းဆင်း စိစစ်ခဲ့ သည့် ဆေးဝါးနှင့် ဆေးပစ္စည်းလက်လီ၊ လက်ကားအရောင်းဆိုင်ကြီးများ၌ ဆေးဝါးနှင့် ဆေးပစ္စည်း များပြတ်လပ်မှုမရှိဘဲ ပုံမှန်ရောင်းချနေမှုများ တွေ့ရှိရကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ပြည်ခရိုင်ဦးစီးမှူးရုံး(ပြည်)