မကွေးမြို့၊ ရန်ကင်းစျေးနှင့် ဆည်မြောင်းစျေးတို့ရှိ ကုန်စည်များအား Mobile Lab ဖြင့် ကွင်းဆင်းစစ်ဆေး

Powered by Drupal

  မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ရန်ကင်းစျေးနှင့် ဆည်မြောင်းစျေးရှိ စားသောက်ကုန်များအား (၁၅-၁၁-၂၀၂၃)ရက်နေ့၊ နံနက်(၀၇:၃၀)နာရီအချိန်မှ နံနက်(၀၉:၃၀)နာရီအချိန်အထိ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကုန်စည်များနမူနာဝယ်ယူကာ Mobile Lab ဖြင့် ဓာတ်ခွဲစမ်းသပ်ခြင်း၊ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားသတ်မှတ်ချက်များနှင့်အညီ ပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိ စစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

     နမူနာဝယ်ယူစစ်ဆေးခဲ့သော ကုန်စည်များမှာ အရောင်တင်မှုန့်၊ ငရုတ်သီးမှုန့်၊ ချင်းပေါက်၊ သရက်ချဉ်၊ ပဲပင်ချဉ်၊ နနွင်းမှုန့်၊ မုန်လာဥချဉ်၊ မုန့်ဟင်းခါးဖတ်၊ အသားတု၊ ငါးပိထောင်း၊ အမဲသွေးနှင့် ဆိတ်သွေးခဲတို့ဖြစ်ပြီး စစ်ဆေးစဉ် စားသုံးရန်မသင့်ဟုတားမြစ်ထားသော တာရှည်ခံဆေးများကို သုံးစွဲထားခြင်းမရှိကြောင်းတွေ့ရပါသည်။

  ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းဖြင့် စျေးကွက်အတွင်းရောင်းချနေသော စားသောက်ကုန်များအား ဝယ်ယူသုံးစွဲကြသော စားသုံးသူမိဘပြည်သူများအနေဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာသုံးစွဲနိုင်ခြင်း၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စွာဖော်ပြထားသော အရည်အသွေးပြည့်ဝသည့်ကုန်ပစ္စည်းများကိုသာသုံးစွဲနိုင်ခြင်း စသည့် အကျိုးရလဒ်များရရှိလာနိုင်မည်ဖြစ်ကြောင်းသိရှိရပါသည်။

DOCA(မကွေး)