သရက်မြို့ ၌ Online Sale ‌မှတ်ပုံတင်ခြင်းဆိုင်ရာ အသိပညာပေး (Talk Show) ပြုလုပ်

Powered by Drupal

  စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ သရက်မြို့နယ်တာဝန်ခံ ဦးအုန်းမြင့် (ဦးစီးမှူး)သည် တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုတို့ဖြင့် လစဉ် အသိပညာပေးခြင်းလုပ်ငန်းများပြုလုပ်ဆောင်ရွက်လျက်ရှိရာ (၁၇-၁၁-၂၀၂၃)ရက်နေ့ နံနက်(၁၀း၀၀)နာရီအချိန်တွင် သရက်မြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူပြည်သူများ Online ပေါ်တွင်ရောင်းချနေသော ကုန်စည်များဝယ်ယူသုံးစွဲရာတွင် လုံခြုံစိတ်ချရမှုရရှိစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးခန်းမ၌ Online Sale ‌ပြုလုပ်ရာတွင် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များကို စီးပွားရေးလုပ်ငန်းရှင်များသိရှိစေရန် အသိပညာပေးဟောပြောပွဲ (Talk Show) ကျင်းပခဲ့ပါသည်။

    အဆိုပါဟောပြောပွဲ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးက ယနေ့ လူအများသုံးစွဲနေသည့် Facebook စာမျက်နှာများပေါ်တွင် Online Sale များနှင့်ပတ်သက်၍ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စီစဉ်ဆောင်လျက်ရှိသော လုပ်ငန်းလုပ်ဆောင်ချက်များအကြောင်း ရှင်းလင်းပြောကြားပေးပါရန် မေးမြန်းခဲ့ရာ စားသုံးသူရေးရာဦးစီးဌာနဦးစီးမှူး ဦးအုန်းမြင့်က  Online စနစ်ဖြင့်ရောင်းချနေမှုအား အရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ (၂၁-၇-၂၀၂၃)ရက်နေ့တွင် သတ်မှတ်ကြော်ငြာခဲ့ပြီး Online စနစ်ဖြင့်ရောင်းချပါက မှတ်ပုံ တင်ခြင်းပြုလုပ်ရမည်ဖြစ်ပါကြောင်း Online စနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများကို မှတ်ပုံတင်သည့်အခါတွင် လုပ်ငန်းလိပ်စာမှန်ကန်ကြောင်းအတွက် ရပ်ကွက်ထောက်ခံစာနှင့် ရဲစခန်းထောက်ခံစာ၊ လုပ်ငန်းရှင်၏ရပ်ကွက်ကျေးရွာတွင် အမှန်တကယ်နေထိုင်ကြောင်းထောက်ခံစာ စသည့် လုပ်ငန်းမှတ်ပုံတင်ရမည်အချက်(၈)ချက်တို့ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကာ Online စနစ်ဖြင့်ရောင်းချခြင်းပြုလုပ်ပါက လုပ်ငန်းမှတ်ပုံတင်ခြင်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ eComReg System (https://www.ecomreg.gov.mm) Website တွင် မှတ်ပုံတင်နိုင်ကြောင်း စားသုံးသူပြည်သူများအားသိရှိစေရန် အသိပညာပေးဟောပြောခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)