သရက်မြို့၊ မြို့မစည်ပင်သာယာဈေး၌ စားသုံးသူပြည်သူများ ဘေးကင်းလုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

 စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် စားသုံးသူပြည်သူများဘေးအန္တရာယ်ကင်းရှင်း စေပြီး လုံခြုံစိတ်ချရမှုရှိသော ကုန်စည်များကို ဝယ်ယူသုံးစွဲနိုင်ရန်အတွက် (၃-၁၂-၂၀၂၃)ရက်နေ့၊ နံနက် (၀၈း၃၀)နာရီအချိန်တွင် သရက်မြို့၊ မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးဆိုင်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တိုင်း/ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍  ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးဆိုင်ပိုင်ရှင်များကို အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များနှင့် ပုဒ်မ(၄၁)၊ ပုဒ်မခွဲ(ခ)နှင့် (ဆ) အရ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားသည့် ကုန်စည်များကိုသာရောင်းချစေရန်၊ မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့်အညီ ပြည့်စုံစွာဖော်ပြလာစေရေးနှင့် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတစ်ခု(သို့မဟုတ်)တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ရေးသားဖော်ပြခြင်းပါရှိသော ကုန်စည်များကိုသာ စားသုံးသူများဘေးကင်းလုံခြုံမှုရှိစေရေးအတွက် ရောင်းချဖြန့်ဖြူးရမည်ဖြစ်ကြောင်း အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ပြီး စစ်ဆေးတွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ စားသုံးသူကာကွယ်ရေးဥပဒေ အခန်း(၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များ၊ ပြစ်မှု/ပြစ်ဒဏ်များအကြောင်းကို အသိပညာပေးပြောကြားခဲ့ပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပါသည်။ ထို့ပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တရားမဝင်ကုန်စည်များရောင်းချမှုမရှိစေရန်၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ဆိုးဆေးများအလွန်အမင်းပါရှိသော အစားအသောက်များမရောင်းချစေရန်၊ တိုင်းဒေသကြီးအစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက Mobile Lab ဖြင့် ဈေးကွက်နမူနာအဖြစ် မုန့်၊ မျှစ်၊ ပဲဖက်ချဉ်၊ ပဲပြားနှင့်ငါးပိများကို ကောက်ယူစစ်ဆေးမှုများပြုလုပ်ဆောင်ရွက်ခြင်းနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဈေးအတွင်း ဈေးစည်းကမ်းများနှင့်အညီ ရောင်းချစေရန် ဈေးဆိုင်ပိုင်ရှင်များအား ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)