မှော်ဘီမြို့နယ်အတွင်းရှိ ဆေးဝါး(၈)မျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာအနေဖြင့် (၅-၁၂-၂၀၂၃) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် မှော်ဘီမြို့နယ်၊ မြို့မဈေးသို့ ဆေးဝါး (၈) မျိုးစစ်ဆေးရန်အတွက် မြို့နယ်ကျန်းမာရေး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဈေးစည်ပင်နှင့် မြို့နယ်ရဲတပ်ဖွဲ့ အဖွဲ့ဝင်(၅)ဦး ပူးပေါင်းအဖွဲ့များဖြင့် သွားရောက်၍ မြို့မဈေးအတွင်းရှိ ဆေးဆိုင်(၆) ဆိုင်အား အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေဦးစီးဌာနမှညွှန်ကြားထားသော ဆေးဝါး(၈) မျိုးကိုလိုက်လံစစ်ဆေးခဲ့ရာ ထောက်ခံချက်ရှိသောဆေးဝါးများကိုသာရောင်းချလျက်ရှိပြီး စံချိန်စံညွှန်းနှင့် မညီသော ဆေးဝါးများကိုရောင်းချခြင်းမရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပါသည်။

DOCA(ရန်ကုန်)