ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်အတွင်း စားသုံးသူအခွင့်အရေးဆိုင်ရာ သိကောင်း စရာများ အသိပညာပေး Talk Show အစီအစဉ်ကို အိမ်မဲမြို့နယ်၌ (၁၃.၁.၂၀၂၂) ရက်နေ့တွင် လည်းကောင်း၊ မော်ကျွန်းမြို့နယ်၌ (၁၄.၁.၂၀၂၂) ရက်နေ့တွင်လည်းကောင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

          အဆိုပါအစီအစဉ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးမှ စားသုံးသူကာကွယ်ရေးအသိပညာပေး Talk  Show  ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံမှ ဌာန၏မျှော်မှန်းချက်၊ ရည်မှန်းချက်များ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များ၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့်ပတ်သက်၍ (၂/၂၀၁၉) ကြေငြာချက်နှင့် (၁/၂၀၂၁)ညွှန်ကြားချက်များကို ရှင်းလင်းဆွေးနွေးခြင်းနှင့် စားသုံးသူများနစ်နာမှုရှိလာပါက စားသုံးသူသတင်းပြန်ကြားရေးနှင့်တိုင်ကြားမှုလက်ခံရေးစင်တာ(CICC) သို့ တိုင်ကြားနိုင်သည့်အပြင်  online မှ တိုင်ကြားလိုပါကလည်း www.doca.gov.mm website မှလည်းကောင်း၊ DOCA Myanmar Mobile Application မှလည်းကောင်း တိုင်ကြားနိုင်ကြောင်းစသည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)