မြောင်းမြမြို့နယ်၊ မြရတနာရပ်ကွက် ရှိ မကိုဋ်ဂျိူးဖြူဆန်စက် ကွင်းဆင်း

Powered by Drupal

          ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး ဦးဇော်လင်းအောင်၊ ဒု/ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးတို့သည် (၁၃.၁.၂၀၂၂)ရက်နေ့ နံနက်(၁၁:၀၀) နာရီတွင် မြောင်းမြမြို့၊ မြရတနာရပ်ကွက်၊ မကိုဋ်ဂျိုးဖြူဆန်စက်သို့သွားရောက်၍ ဆန်ကြိတ်ခွဲထုတ် လုပ်မှုအခြေအနေ၊ စပါး/ဆန်ဈေးနှုန်းဈေးကွက်အခြေအနေများနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများဆွေးနွေး ဆောင်ရွက်ခဲ့ပါသည်။

      ထို့သို့ကွင်းဆင်းလေ့လာဆောင်ရွက်ရာတွင် လက်ရှိအချိန်၌ မိုးစပါးလှိုင်လှိုင်ထွက်ပေါ်သည့် ကာလဖြစ်ပြီး၊ ဆန်ကြိတ်ခွဲတင်ပို့မှုလျော့နည်းလာ၍  စပါးဈေးမှာ အနည်းငယ်ကျဆင်းလျှက်ရှိ ကြောင်း၊ စပါးဈေးနှုန်းအနေဖြင့် ဧည့်မထစပါး (၄၆) ပေါင် တစ်တင်းလျှင်(၆၁၀၀)ကျပ်ရှိပြီး၊ အရောင်းအဝယ်အေးကြောင်း၊ ဆန်ဈေးနှုန်းမှာ (၁၀၈)ပေါင်ထိပ်စ တစ်အိတ်လျှင်(၂၄၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း၊ ဆန်ကြိတ်ခွဲရာတွင် ပြည်တွင်းစားဆန်ကို အဓိကထားကြိတ်ခွဲပြီး အထက်အညာဒေသများဖြစ်သော မကွေး၊ပခုက္ကူ၊ မန္တလေး၊ မြင်းခြံမြို့များနှင့် ရန်ကုန်သို့တင်ပို့ ရောင်းချလျှက်ရှိကြောင်း၊ ဆန်ဈေးကွက်တွင် ဆန်လက်ကျန်များနေ၍ ဆန်ဈေးနှုန်းအနည်းငယ် ကျဆင်းပြီး အရောင်းအဝယ်အေးလျက်ရှိကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)