ဖြူးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြော

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တာဝန်ခံ ဒေါ်သန္တာစိုးသည် ဖြူးမြို့နယ် ရှိ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁၃ ရက်နေ့တွင် ကျင်းပပြုလုပ်သည့် ဌာနဆိုင်ရာများပူးပေါင်း၍ ဌာနဆိုင်ရာအလိုက် သိသင့်သိထိုက်သည့် အချက်များကို သိရှိနိုင်စေရေး အသိပညာပေးဟောပြောပွဲတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးဟောပြောခဲ့ပါသည်။

          အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ ဦးစောမင်းသူက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ဥပဒေအရာရှိ ဒေါ်အိသိမ့်သိမ့်သွယ် နှင့်  မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယရဲမှူးအောင်လင်းတို့က လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု တားဆီးကာကွယ်ရေးကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက စာအုပ်စာပေဖတ်သည့် အကျိုးကျေးဇူးများ ကိုလည်းကောင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းအေးက အမျိုးသမီးငယ်များ ကျန်းမာရေးနှင့်တိုင်းရင်းဆေးအကြောင်းတို့ကို ဟောပြောကြပါသည်။ အခမ်းအနားသို့ ဌာန ဆိုင်ရာများ၊ သင်တန်းကျောင်းအုပ်ကြီးနှင့်နည်းပြများ၊ သင်တန်းသူများ စုစုပေါင်း ၆၅ ဦးတက်ရောက် ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ပဲခူးတိုင်းဒေသကြီး)