ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးကိုယ်စား မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်အဖွဲ့သည် (၁၂.၁၂.၂၀၂၃)နေ့တွင် (၁၀:၀၀)နာရီ အချိန်တွင် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြည်သူ(၃၀)ဦးအား စားသုံးသူအသိပညာပေးဟော ပြောခဲ့ကြပါသည်။
ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းက တက်ရောက်လာသူ ပြည်သူများကို စားသုံးသူ အခွင့် အရေးနှင့်၊ တာဝန်များအကြောင်းကိုရှင်းလင်းပြီး စားသုံးသူတိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပုံအဆင့်ဆင့်၊ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခြင်း၊ စားသုံးသူကာ ကွယ်ရေးဥပဒေ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များ၊ ပြစ်မှုပြစ် ဒဏ်များကိုရှင်းလင်းဟောပြောခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက် လာသော ဝန်ထမ်းများ၏ သိလိုသည်များ မေးမြန်းခြင်းကို ပြန်လည်ဖြေကြားပေးခြင်းနှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင် များဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(ဧရာဝတီ)