Main menu

ပန်းတနော်မြို့နယ်ရှိ ဆန်စက်လုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးအသိပညာပေးခြင်း

Powered by Drupal

       ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် ဦးစီးမှူးရုံးကိုယ်စား မအူပင်ခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့်အဖွဲ့သည်  (၁၂.၁၂.၂၀၂၃)နေ့တွင် (၁၀:၀၀)နာရီ အချိန်တွင် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြည်သူ(၃၀)ဦးအား စားသုံးသူအသိပညာပေးဟော ပြောခဲ့ကြပါသည်။

          ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူးဦးဇော်မင်းက တက်ရောက်လာသူ ပြည်သူများကို စားသုံးသူ အခွင့် အရေးနှင့်၊ တာဝန်များအကြောင်းကိုရှင်းလင်းပြီး စားသုံးသူတိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖြေရှင်းဆောင်ရွက်ပုံအဆင့်ဆင့်၊ အွန်လိုင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးခြင်း၊​ စားသုံးသူကာ ကွယ်ရေးဥပဒေ၏ အဓိပ္ပါယ်ဖွင့်ဆိုချက်များ၊ ကုန်အညွှန်းအမှတ်အသားဆိုင်ရာပြဋ္ဌာန်းချက်များ၊ ပြစ်မှုပြစ် ဒဏ်များကိုရှင်းလင်းဟောပြောခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက် လာသော ဝန်ထမ်းများ၏ သိလိုသည်များ မေးမြန်းခြင်းကို ပြန်လည်ဖြေကြားပေးခြင်းနှင့် စားသုံးသူအသိပညာပေး လက်ကမ်းစာစောင် များဖြန့်ဝေ ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

DOCA(ဧရာဝတီ)