မွန်ပြည်နယ်၌ သက်သာသောဈေးနှုန်းဖြင့်စားအုန်းဆီများအား စတုတ္ထအကြိမ်မြောက်ဆက်လက်ဖြန့်ဖြူးရောင်းချ

Powered by Drupal

          မွန်ပြည်နယ်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးနှင့် မွန်ပြည်နယ်စားဆီနှင့် စားသောက်ကုန်စည် လုပ်ငန်းရှင်များအသင်းတို့ကပူးပေါင်း၍ မြန်မာနိုင်ငံဆီကုန်သည်နှင့် လုပ်ငန်းရှင်များအသင်းထံမှ ခွဲဝေရရှိသော စားအုန်းဆီပိဿာချိန် (၁၆၅၀၀) အား တစ်ပိဿာလျှင် (၄၅၀၀) ကျပ်နှုန်းဖြင့် ၁၈-၁-၂၀၂၂ ရက်နေ့မှစတင်၍ မော်လမြိုင်၊ ပေါင်၊ ချောင်းဆုံမြို့နယ်များ အတွင်းရှိ စည်ပင်သာယာဈေးများမှတဆင့် မွန်ပြည်နယ်အတွင်းရှိ စားသုံးသူပြည်သူများအား ရောင်းချပေးသွားမည်ဖြစ်ပါသည်။ ဝယ်ယူလိုသူ စားသုံးသူပြည်သူများအနေဖြင့် စားသုံးသူရေးရာ ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး၊ တယ်လီဖုန်းအမှတ် ၀၅၇-၂၀၂၄၃၁၈ နှင့် မွန်ပြည်နယ်စားဆီနှင့် စားသောက်ကုန်စည်လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူးဖြစ်သူ ဒေါ်ခင်မေစီ တယ်လီဖုန်း အမှတ် ၀၉-၄၀၉၁၃၈၆၆၈ ထံသို့ ဆက်သွယ်ဝယ်ယူနိုင်ပါကြောင်း သိရှိရပါသည်။

မွန်ပြည်နယ်