ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့မစည်ပင်သာယာဈေးအတွင်း ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

   ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊  စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ (၈) ရက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ကျုံပျော်ခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌတို့ပူးပေါင်းပါဝင်၍ မြို့မဈေးစည်ပင်သာယာရေးရုံး၌ မြို့နယ်အတွင်း ဆီရောင်းချမည့် ဆီထုတ်ကိုယ်စားလှယ် (၃) ဦးနှင့်အတူ လက်လီရောင်းချပေးသည့် ကုန်စုံဆိုင်လုပ်ငန်းရှင်များအားတွေ့ဆုံခဲ့ပြီး အပတ်စဉ်ထုတ်ပြန်ထားသည့် သတ်မှတ်ရည်ညွှန်းဈေးထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမပြုလုပ်ရန်နှင့် မြို့မဈေးစည်ပင်သာယာဈေးအတွင်း စားအုန်းဆီရရှိမှုအခြေအနေနှင့် ရောင်းချသည့်ဈေးကွက်အခြေနေများအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)