မင်းဘူးခရိုင်အတွင်း စားအုန်းဆီများ အမှန်တကယ်ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာနသည် ပြည်သူများအား စားဝတ်နေရေး အထောက်အပံ့ဖြစ်စေရန် ရည်ရွယ်၍ တန်ဖိုးသင့်စားသောက်ကုန်များဖြစ်သည့် စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးရေးနှင့် ပြည်တွင်း၌ထုတ်လုပ်သော စားသောက်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ အား လုပ်ငန်းစဉ်ဆက်မပြတ်လည်ပတ်နိုင်ရန် လုပ်ငန်းသုံးဆီရရှိရေး ဆောင်ရွက်ပေးလျက် ရှိပါ သည်။

    စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (၆.၁.၂၀၂၄)ရက်နေ့တွင် မင်းဘူး(စကု)မြို့ပေါ်ရှိ ဆီခွဲတမ်းအလုံးရေ(၆၄)လုံးရရှိသော ဆိုင်(၁၄)ဆိုင် သို့ နံနက်(၀၇:၀၀)နာရီ အချိန်တွင်လည်းကောင်း၊ ပွင့်ဖြူမြို့ပေါ်ရှိ ဆီခွဲတမ်းအလုံးရေ(၁၁)လုံး ရရှိသော ဈေးဆိုင်(၉)ဆိုင်သို့ နံနက်(၁၀:၀၀)နာရီအချိန်တွင်လည်းကောင်း၊ စလင်း(ဆင်ဖြူကျွန်း)မြို့ ပေါ်ရှိ ဆီပေပါအလုံးရေ (၅၅)လုံးရရှိသည့် ဆိုင်(၁၂)ဆိုင်သို့ နေ့လည်(၁၂:၀၀)နာရီ အချိန်တွင်လည်းကောင်း ခွဲတမ်းရရှိသည့် စားအုန်း ဆီများအား သွားရောက်စစ်ဆေးခဲ့ပြီး ခရိုင်ဦးစီးမှူးမှ စားအုန်းဆီများအား ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ဈေးနှုန်းမြင့်တင် ရောင်းချခြင်းမပြုဘဲ သတ်မှတ် ရည်ညွှန်းဈေးနှုန်းများအတိုင်း ရောင်းချပေးရန်၊ ရောင်းချရာတွင် နေရာဒေသအနှံ့ရောက်အောင် ပြန့်ပြန့်နှံ့နှံ့ရောင်းချပေးရေးနှင့် လုပ်ငန်းရှင်များအနေဖြင့် ဌာနမှ ထုတ်ပြန်ထားသော ဥပဒေညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် ဥပဒေညွှန်ကြားချက်များကိုလိုက်နာမှုရှိ/မရှိ ယခုကဲ့သို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)