တောင်ငူခရိုင်၊ ရေတာရှည်မြို့၌ စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

Powered by Drupal

          စားသုံးသူရေးရာဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ဇန်နဝါရီလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီက ရေတာရှည်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြု ဗဟိုဌာနခန်းမတွင် ပြုလုပ်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးအောင်က စားသုံးသူအခွင့်အရေးများ ရရှိအောင်ဆောင်ရွက်နေမှုများ၊ ကုန်စည်နှင့် ဝန်ဆောင် မှုများနှင့်ပတ်သက်၍ သိထားရမည့်အချက်များ၊ စားသုံးသူအငြင်းပွားမှုနှင့်ပတ်သက်၍ တိုင်ကြား လာမှုများကို ဖြေရှင်းဆောင်ရွက်ပေးပုံများကို ရှင်းလင်းပြောကြားပြီး မြို့နယ်တာဝန်ခံ ဦးဇော်ဇော် ထွေးက ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်းနှင့် ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးဆုစံ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။

DOCA(ပဲခူး)