လပွတ္တာမြို့နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်း (ယာယီ)မှ စားသုံးဆီရောင်းချပေးခြင်းကွင်းဆင်း စိစစ်

Powered by Drupal

          ၂၅.၁.၂၀၂၂ ရက်နေ့၊ နံနက်(၀၈:၃၀)နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ လပွတ္တာမြို့၊ ရွှေနဒီရေပေါ်ဈေးကြီးတွင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း(ယာယီ)မှ မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းက စားသုံးသူများဈေးနှုန်း သက်သာချောင်ချိရေးအတွက် စားသုံးဆီများအား အထူးဈေးနှုန်းဖြင့် တစ်ပိဿာလျှင် (၄၅၅၀)ကျပ် နှုန်းဖြင့် ရောင်းချပေးနေမှုအား စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးမြင့်ဌေးနှင့် တိုင်းဒေသကြီး ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်း(ယာယီ) ဘဏ္ဍာရေးမှူး ဦးသန်းတင်တို့မှ ကွင်းဆင်း စိစစ်ခဲ့ပါသည်။

          ထိုသို့ကွင်းဆင်းစိစစ်ရာတွင် စားသုံးသူများအဆင်ပြေချောမွေ့စွာဝယ်ယူနိုင်ရေး၊ စားသုံးဆီ ဈေးနှုန်းမှန်ကန်ရေး၊ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိစေရေးတို့အား စိစစ်ဆောင်ရွက်ခဲ့ပြီး၊ အထူးဈေး နှူန်းဖြင့် စားသုံးဆီနေ့စဉ်ရောင်းချရမှုစာရင်းအား တင်ပြနိုင်ရန်အသင်းတာဝန်ရှိသူတို့မှ ကြပ်မတ်၍ ပြုစုတင်ပြရန် တာဝန်ရှိသူတို့အား ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန(ဧရာဝတီတိုင်းဒေသကြီး)