“ တွံတေးမြို့နယ်၌ စားသုံးသူကာကွယ်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲအခမ်းအနားကျင်းပခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ပိုင်းခရိုင်ဦးစီးမှူးရုံးလက်အောက်ရှိ တွံတေးမြို့နယ်၌ စားသုံးသူရေးရာဦးစီးဌာန၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးတို့ပူးပေါင်း၍ စားသုံးသူပြည်သူများအား စားသုံးသူကာကွယ်ရေးအသိပညာပေးရေးလုပ်ငန်းနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ ပျော်ဘွယ်လေးကျေးရွာရှိ (အ.မ.က) မူလွန်ကျောင်း၌ ကွင်းဆင်းအသိပညာပေးဟောပြောခဲ့ကြောင်းသိရပါသည်။

      ထိုသို့ ကွင်းဆင်းအသိပညာပေးဟောပြောရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိုင်က စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များ လုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စာသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ကုန်စည်တွင်ဖော်ပြပါရှိရမည့် ကုန်အညွှန်းအမှတ်အသား ဖော်ပြရာတွင် မြန်မာဘာသာဖြင့် မဖြစ်မနေဖော်ပြရမည့်အချက်အလက်များ၊ စားသုံးသူအမှန်တကယ်နစ်နာဆုံးရှုံးမှုများရှိလာပါက တိုင်ကြားနိုင်မည့်နည်းလမ်းများ၊ ကျောင်းသား/ကျောင်းသူများအနေဖြင့် မြန်မာဘာသာဖြင့်ဖော်ပြပါရှိသည့် စားသောက်ကုန်ပစ္စည်းများကိုသာ ကြည့်ရှုစစ်ဆေးပြီး ဝယ်ယူသုံးစွဲကြရန်၊ ဆိုးဆေးအများအပြားသုံးစွဲထားသော အစားအသောက်များကို ဝယ်ယူသုံးစွဲခြင်းမပြုကြရန်လိုအပ်ကြောင်း၊ ဈေးကွက်အတွင်းရှိ ကုန်စည်များအား ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများကို မိမိတို့ဌာနအနေဖြင့် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး တွံတေးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသက်ဦးက ပြည်သူများအသိပညာဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ ပြည်သူ့စာကြည့်တိုက် Online page မှတစ်ဆင့် စာအုပ်မိတ်ဆက်၊ ပုံပြောခြင်း၊ ကဗျာရွတ်ခြင်းအပြင် စာအုပ်များငှားရမ်းပေးခြင်း၊ စာအုပ်ပြပွဲများ၊ ပြိုင်ပွဲများကျင်းပပြုလုပ်ခြင်းနှင့် စာပေများကိုလေ့လာဖတ်ရှုကြရန်နှင့် ၎င်းတို့ကိုဖတ်ရှုခြင်းကြောင့် ကိုယ်တိုင်စဉ်းစားအတွေးအခေါ်အမြော်အမြင်များရရှိလာခြင်း၊ ဘေးကင်းလုံခြုံစိတ်ချရသောအစားအသောက်များကို ရွေးချယ်ဝယ်ယူစားသောက်နိုင်မည်ဖြစ်ကြောင်း စသည့်အသိပညာများရှင်းလင်းပြောကြားခဲ့ကြောင်းသိရပါသည်။

DOCA(ရန်ကုန်)