၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ရက်နေ့တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် (အငယ်တန်းစာရေး) တို့သည် ကန့်ဘလူမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ “သီရိရတနာ” ဆန်စက်လုပ်ငန်းသို့သွားရောက်ကွင်းဆင်း၍ လုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
အဆိုပါစီးပွားရေးလုပ်ငန်းရှင်နှင့်တွေ့ဆုံဆွေးရာတွင် မြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းက စားသုံးရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာ၌ အသိပညာ ပေးဟောပြောခြင်း၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် ဒေသတွင်း MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားပေးကူညီဆောင်ရွက်လျက်ရှိကြောင်း၊ MSMEs လုပ်ငန်းများ၏ လိုအပ်ချက်နှင့်အခက်အခဲများကို လုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေးကာ အထက်အဆင့်ဆင့်သို့တင်ပြပြီး သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်က မိမိအနေဖြင့် သီးနှံပေါ်ချိန်မှသာ နဝလီကြိတ်ခွဲခြင်းဖြစ်ကြောင်း၊ ဒေသအခြေအနေနှင့် ဈေးနှုန်း၊ ဈေးကွက်ပေါ်မူတည်၍ ဝယ်ယူကြိတ်ခွဲခြင်းများလည်းရှိကြောင်း၊ ဆက်လက်၍ အလုပ်အကိုင်ဖန်တီးပေးနိုင်မှုနှင့် ဒေသတွင်းဖြစ်ပေါ်နေသည့် စပါး၊ ဆန်ဈေးနှုန်း၊ ဈေးကွက်အခြေအနေတို့ကို ဆွေးနွေးခဲ့ကြပြီး စားသုံးသူအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)