စက်သုံးဆီဆိုင်များသို့သွားရောက်၍ ကွင်းဆင်းပညာပေး

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ အင်းစိန်မြို့နယ်နှင့် လှိုင်သာယာမြို့နယ်တို့တွင် စက်သုံးဆီအရောင်းဆိုင်များ၏ နေ့စဉ်ရောင်းချနေသော စက်သုံးဆီဈေးနှုန်းများသည် PPRD ကထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိနှင့် စက်သုံးဆီပြတ်လပ်မှုရှိ/မရှိ စာရင်းများကောက်ယူ၍ ရန်ကုန်တိုင်းဒေသကြီးစီးမှူးရုံးသို့ ပေးပို့တင်ပြလျက်ရှိပါသည်။

     ထိုသို့တင်ပြဆောင်ရွက်လျက်ရှိရာ (၂၆-၂-၂၀၂၄) ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် အင်းစိန်ခရိုင်အတွင်း ဒေါ်နီလာဦး၊ ဒု-ဦးစီးမှူးဦးဆောင်၍ ဝန်ထမ်း(၃)ဦးတို့သည် အင်းစိန်မြို့နယ်ရှိ  စက်သုံးဆီဆိုင်များဖြစ်သော ရွှေဗျိုင်းဖြူ၊ Denko (အောင်ဆန်း)၊ 360 (တညင်ကုန်း)၊ လှိုင်သာယာမြို့နယ်ရှိ စက်သုံးဆီဆိုင်များဖြစ်သော Regnecy၊ Terminal (203) ဆိုင်များသို့သွားရောက်ကာ ဆိုင်တာဝန်ခံများနှင့်တွေ့ဆုံ၍ PPRD မှထုတ်ပြန်ထားသော ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/မရှိစစ်ဆေးခဲ့ရာ ဈေးနှုန်းတင်ပြထားသည့် LED Borad များမှာလည်း ရည်ညွှန်းဈေးအတိုင်း တင်ပြထားသည်ကိုတွေ့ရှိရပြီး စားသုံးသူကာကွယ်ရေးဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားခဲ့ပါသည်။

DOCA(ရန်ကုန်)