စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်ကေခိုင်မျိုးထွန်း၊ ဒု-ကြီးကြပ်ရေးမှူးတို့သည် ရွှေပြည်သာမြို့နယ်၊ ပတ္တမြားဈေးတာဝန်ခံ ဦးအောင်နိုင်မြင့်နှင့်အတူ (၂၆-၂-၂၀၂၄)ရက်နေ့၊ နံနက် (၁၀:၃၀)နာရီအချိန်၌ ဈေးအတွင်းရှိ စားအုန်းဆီလက်လီရောင်းချနေသော ကုန်စုံဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ဈေးအတွင်းရှိ ဦးထင်ကျော်ဦး(ကုန်စုံဆိုင်)၊ ဒေါ်ခင်မျိုး (ကုန်စုံဆိုင်)နှင့် ဦးမောင်မောင်(ကုန်စုံဆိုင်)တို့တွင် စားအုန်းဆီကိုယ်စားလှယ်များအနေဖြင့် တစ်ဆင့်ဝယ်ယူပြီး စားသုံးသူပြည်သူများကို တစ်ဦးလျှင် (၅၀)ကျပ်သားမှ (၁)ပိဿာအထိရောင်းချပေးနေကြောင်း၊ ထိုသို့ရောင်းချရာတွင်လည်း မိမိတို့ရောင်းချပေးသော ဆီများကို လက်ကားမှတစ်ဆင့်ဝယ်ယူပြီး (၂)ရာခိုင်နှုန်းအမြတ်တင်ပြီး ရောင်းချပေးကြောင်းနှင့် ထုတ်ယူလျက်ရှိသောဆီများကိုလည်း နေ့စဉ် ဆီလက်ကျန်များမထားဘဲ ကုန်အောင်ရောင်းချလျက်ရှိကြောင်း ကွင်းဆင်းစစ်ဆေးသိရှိခဲ့ရပါသည်။
DOCA(ရန်ကုန်)