ဒေသတွင်းစားသောက်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေး ချိတ်ဆက်ဆောင်ရွက်ပေး

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူပြည်သူများ စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် စားသုံးသူများသုံးစွဲသော ကုန်ပစ္စည်းများ ဘေးအန္တရာယ်ကင်းစေရန်အတွက် ဈေးကွက်စောင့်ကြည့် စစ်ဆေးဆောင်ရွက်ခြင်းများကို အဓိကထား ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်စားသုံးသူရေးရာဦးစီးဌာနရုံး၌ (၄.၂.၂၀၂၂) ရက်နေ့တွင် ဒေသအတွင်း ထုတ်လုပ်/ဖြန့်ဖြူး/ရောင်းချလျက်ရှိသော ပြည်တော်သာအမှတ် တံဆိပ်(ပေါင်မုန့်/ကိတ်မုန့်)၊ လီလီအမှတ်တံဆိပ်(ပေါင်မုန့်/ကိတ်မုန့်)၊ ရွှေလယုန်အမှတ်တံဆိပ်(မရွေးမုန့်) နှင့် ဇလပ်ဝါအမှတ်တံဆိပ်(လက်ဖက်စို/ခြောက်)လုပ်ငန်းရှင်များအား ခေါ်ယူတွေ့ဆုံကာ ထုတ်ကုန်များတွင် စားသုံးသူကာကွယ်ရေးဥပဒေ၊ အခန်း(၁၈)ပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းပြီး ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရန်၊ စားသုံးသူများဝယ်ယူသုံးစွဲရာ၌ ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရန်နှင့် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီး ၎င်းတို့၏ လုပ်ငန်းနှင့်သက်ဆိုင်သည့် ထောက်ခံချက်လိုင်စင်များ ရရှိရန် ချိတ်ဆက်ဆောင်ရွက်ပေးမှုများပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့ ကျောက်မဲခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်များအား ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အချိန်အထိ လုပ်ငန်းရှင်(၁၁)ဦးအား ကူညီဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ရှမ်း)