သာကေတမြို့နယ်ရှိ ( 5Star ) ဆိပ်ကမ်းသို့ သွားရောက်စစ်ဆေး

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ ညွှန်ကြားချက်အရ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စားသုံးသူရေးရာဦးစီးဌာနမှ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်လဲ့လဲ့ဌေး၊ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဦးသန့်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ကြီးကြပ်ရေးမှူး ဦးဝင်းနိုင် အမှတ်(၃)၊ ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲမှ ရဲမှူးအောင်ကျော်ထူးနှင့်   အကောက်ခွန်ဦးစီးဌာနမှ အကောက်ခွန်မှူး ဦးအောင်နိုင်ဦးတို့ပါဝင်သောအဖွဲ့များသည် (၄-၃-၂၀၂၄) ရက်နေ့၊ နံနက် (၁၁:၀၀) နာရီအချိန်တွင် သာကေတမြို့နယ်ရှိ (5 Star) ဆိပ်ကမ်းအား သွားရောက်စစ်ဆေးခဲ့ကြပါသည်။

         အဆိုပါ (5Star) ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော MV, ဝိသုကမ္မ ရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ဘုတ်ပြင်းမြို့သို့ပို့ဆောင်မည့် စားသောက်ကုန်၊ လူသုံးကုန်၊ အိမ်ဆောက်ပစ္စည်းအမျိုးမျိူး များကိုသာ စစ်ဆေးတွေ့ရှိခဲ့သဖြင့် တရားဝင်ကုန်စည်များသာဖြစ်ကြောင်းနှင့်  အဆိုပါကုန်ပစ္စည်းများမှာ South Dagon Oil Mail မှ  ဘုတ်ပြင်းမြို့နယ်တွင် ဆီအုန်းစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်လျက်ရှိသော ဝန်ထမ်းများစားသုံးရန်အတွက်  တင်ပို့ခြင်းဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)