ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ဘိလပ်မြေအမျိုးအစားများကိုဝယ်ယူသုံးစွဲရာတွင် ပစ္စည်းပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ရန်ရည်ရွယ်၍ ကုန်အမာဆိုင်ကြီးများသို့ ၂၀၂၄ခုနှစ်၊ မတ်လ(၃)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် လုပ်ငန်းရှင်၊ ဆိုင်ပိုင်ရှင်များနှင့်သွားရောက်တွေ့ဆုံကာ ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
အဆိုပါဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ရာ၌ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးတင်မင်းသည် ကော့မှူးမြို့နယ်၊ အမှတ်(၁၀၀) စည်ပင်လမ်း၊ မကျီးကန်ရပ်ကွက်၊ ဓနအောင်ကုန်အမာဆိုင်တို့တွင် ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဘိလပ်မြေအမျိုးအစားများဖြစ်သော Alpha၊ ကြံ့နှစ်ကောင်၊ (ဘားအံ၊ မြိုင်ကလေးထုတ်) နာရီအမှတ်တံဆိပ် စသည့်ဘိလပ်မြေများကို ဈေးကွက်အတွင်း ရောင်းချနေခြင်းရှိ/မရှိ မေးမြန်းစုံစမ်းခဲ့ရာတွင် ကော့မှူးမြို့နယ်အနေဖြင့် Alpha ဘိလပ်မြေတစ်မျိုးကိုသာ ဝယ်ယူဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း၊ အခြားဘိလပ်မြေအမျိုးအစားများအား ကော့မှူးဈေးကွက်အတွင်း ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများမရှိကြောင်း၊ ယခုဆိုလျှင် Alpha ကုမ္ပဏီမှ တစ်ရက်ခြား (၂၅၀)အိတ်ပုံမှန်ဝယ်ယူရရှိနေသဖြင့် ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှုမရှိကြောင်း ပြန်လည်ပြောကြားခဲ့ပြီး ဆက်လက်၍ တာဝန်ရှိသူများက ကော့မှူးမြို့နယ်သည် အကြီးစားစက်မှုလက်မှုလုပ်ငန်း အကောင်အထည်ဖော်တည်ဆောက်နေသော စက်ရုံ၊ အလုပ်ရုံများလည်းမရှိသဖြင့် ယခုကဲ့သို့သော ဆိုင်(၁)ဆိုင်လျှင် တစ်ရက်ခြား (၂၅၀)အိတ်ရရှိနေသည့်အပေါ် မိမိတို့မြို့နယ်အနေဖြင့် လုံလောက်မှုရှိသောကြောင့် ဘိလပ်မြေများကို မိမိတို့၏ဆိုင်တွင် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် တရားမဝင်သိုလှောင်ထားရှိမှုများမပြုလုပ်ကြရန်နှင့် ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချခြင်းများ မပြုလုပ်ကြရန်လိုအပ်ကြောင်းပြောကြားခဲ့ကာ ဘိလပ်မြေမြေပြင်လက်ကျန်များအား စစ်ဆေးရေတွက်ခဲ့ပြီး ဈေးကွက်အတွင်း အသိပညာပေးဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။
DOCA(ရန်ကုန်)