မကွေးမြို့၊ ကန်သာဈေး၌ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးမြို့နယ်တာဝန်ခံ ဦးမျိုးဝင်း(ဦးစီးမှူး)သည် (၁၈-၃-၂၀၂၄)ရက်နေ့၊ နံနက်(၀၈:၀၀)နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဈေးကော်မတီများနှင့်ပူးပေါင်းI အပတ်စဉ် တနင်္လာနေ့တိုင်းကို ပလတ်စတစ်မသုံးစွဲရေးနေ့ဟုသတ်မှတ်ပြီး ပလတ်စတစ်အိတ်များအစား ဖက်ရွက်များ၊ စက္ကူအိတ်များအစားထိုးသုံးစွဲရေး အသိပညာပေးခြင်းနှင့် ပလတ်စတစ်အိတ်များဖြင့် ထည့်၍ဝယ်ယူလာသော အသားငါးများအား ဖက်ရွက်များ/ စက္ကူအိတ်များနှင့် အစားထိုးလဲလှယ်ပေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
ဆက်လက်၍ ဈေးကွက်အတွင်းရှိ ကုန်စည်များ၌ ကုန်အညွှန်းအမှတ်အသားဆိုင်ရာသတ်မှတ်ချက်များ ပြည့်စုံမှန်ကန်စွာပါဝင်မှုရှိ/မရှိနှင့် ဈေးအတွင်းရှိ ဒီဂျစ်တယ်ကတ္တားများ အလေးချိန်ပြည့်ဝမှန်ကန်မှုရှိ/မရှိ စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။
DOCA(မကွေး)