ထားဝယ်မြို့ပေါ်ရှိ ဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      ၂၀၂၄ခုနှစ်၊ မတ်(၂၁)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်တွင် တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါကွပ်ကဲရေးဦးစီးဌာန၊ မိတ်ဖက်ဌာနများဖြစ်ကြသော  ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဌာန၊ စည်ပင်သာယာရေးအဖွဲ့တို့နှင့်ပူးပေါင်း၍ ထားဝယ်မြို့ပေါ်ရှိဆေးဆိုင်များအား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ကြပါသည်။

      ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက်များမပါရှိသည့် တရားမဝင် ဆေးဝါးများနှင့် Online ပေါ်မှတစ်ဆင့် ဖြန့်ချိရောင်းချနေသော တရားမဝင်ဆေးဝါးများရောင်းချနေမှုရှိ/မရှိစစ်ဆေးခြင်း၊ သက်တမ်းကုန်လွန်သောဆေးဝါးများနှင့် ဆေးပစ္စည်းများရောင်းချနေမှုရှိ/မရှိစစ်ဆေးခြင်းနှင့် လူကြီးအာဟာရဖြည့်စွက်စာများတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကုန်အညွှန်းအမှတ်အသားများပါရှိမှုရှိ/မရှိစစ်ဆေးခဲ့ပြီးနောက်ကုန်အညွှန်အမှတ်အသားဖော်ပြခြင်းဆိုင်ရာ အသိပညာများပြောကြားခဲ့ကြောင်းသိရပါသည်။

DOCA(တနင်္သာရီ)