ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

    ကချင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ဦးသည် (၁၉-၃-၂၀၂၄) ရက်နေ့တွင် ဗန်းမော်မြို့၊ သာစည်ရပ်ကွက်ရှိ JMS(စတိုး)ဆိုင်သို့လည်းကောင်း၊ (၂၀-၃-၂၀၂၄) ရက်နေ့တွင် ဗန်းမော်မြို့၊ ပေါက်ကုန်းရပ်ကွက်ရှိ ရွှေပင်လယ်(ကုန်စုံဆိုင်)သို့လည်းကောင်း သွားရောက်ကာ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် ပတ်သက်၍ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်ကိုက်ညီမှုရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

   ထိုသို့ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် OK အမှတ်တံဆိပ်ပါ အမဲသားဆီသွပ်ဘူးပေါ်တွင် ကုန်စည်အမျိုးအစားအလိုက် သတ်မှတ်ချက်နှင့်အညီ သိသာထင်ရှားစွာဖော်ပြရမည့် ကုန်စည်၏အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်းနှင့် ဓာတ်မတည့်ကြောင်းဖော်ပြချက် စသည့်ကုန်အညွှန်းအမှတ်အသားတို့ကို ဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ရာ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး ကုန်စုံဆိုင်ပိုင်ရှင်များအား ကုန်အညွှန်းအမှတ်အသား ဖော်ပြချက်များနှင့်ကိုက်ညီမှုရှိသော ကုန်စည်များကိုသာ ဈေးကွက်အတွင်းရောင်းချကြရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များလိုက်နာရမည့် တာဝန်များအကြောင်းတို့ကိုပါ ရှင်းလင်းပြောကြားပြီး ကုန်အညွှန်းအမှတ်အသားဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ကချင်)