တိုက်ကြီးမြို့နယ်အတွင်းရှိ မြို့မဈေးသို့သွားရောက်၍ စားသုံးဆီအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံး၊ တိုက်ကြီးမြို့နယ်ခွဲတာဝန်ခံ ဒေါ်တင်တင်ဌေးသည် (၁၃-၃-၂၀၂၄)ရက်နေ့၊ နံနက်(၁၀:၀၀)နာရီအချိန်မှစ၍ တိုက်ကြီးမြို့နယ်၊ မြို့မဈေး အတွင်းရှိ စားသုံးဆီအမျိုးမျိုးအား ဈေးကွက်ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။
ထို့သို့ကွင်းဆင်းရာတွင် တိုက်ကြီးမြို့နယ်၊ မြို့မဈေးအတွင်းရှိ ကုန်စုံဆိုင်(၅)ဆိုင်တွင် Cook၊ Meizan၊ Goody၊ Lotus၊ Yarthetpan၊ ဒီဒီ၊ လာဒ်ရွှင်၊ ရန်ကုန်၊ တော်ဝင်၊ အမေထွား၊ Sunar၊ ရွှေအုံ၊ ရွှေနန်းထိုက်၊ သီဟအောင်၊ ရွှေတောင်၊ City Selectionနှင့် ရှယ်အမှတ်တံဆိပ် စားသုံးဆီများတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ အခန်း(၁၈)တွင်ဖော်ပြထားသော ကုန်အညွှန်းအမှတ်အသားတွင်ဖော်ပြရမည့် ကုန်စည်၏အမှတ်တံဆိပ်၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့် အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲ၊ သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ကုန်စည်တွင်ပါဝင်သော ကုန်ကြမ်းပစ္စည်းအမျိုးအမည်များနှင့် ပစ္စည်းများ၏ပမာဏပါဝင်မှုအချိုးအစားနှင့် သက်ဆိုင်ရာအစိုးရဌာနများ၏ ဖော်ပြရန်သတ်မှတ်ထားသော အချက်အလက်များပြည့်စုံစွာပါရှိသည်ကိုစစ်ဆေးတွေ့ရှိခဲ့ပါသည်။
DOCA(ရန်ကုန်)