“ကော့မှူးမြို့နယ်၊ စားအုန်းဆီလက်လီ/လက်ကားအရောင်းဆိုင်များ၌ စားအုန်းဆီရောင်းချမှုအားကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်နှင့် ရပ်ကွက်‌ကျေးရွာများတွင် လက်လီ/လက်ကားရောင်းချလျက်ရှိသော စားအုန်းဆီကိုယ်စားလှယ်ဆိုင်များ၊ ကုန်ခြောက်ဆိုင်များ၌ လက်လီဖြန့်ဖြူးရောင်းချနေသည့် စားအုန်းဆီဆိုင်များကို ညွှန်ကြားချက်နှင့်အညီ စားသုံးသူပြည်သူများ အလွယ်တကူရရှိနိုင်ရန် ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိ ၂၀၂၄ခုနှစ်၊ မတ်လ(၂၃)ရက်နေ့၊ နံနက်(၀၉:၃၀)နာရီအချိန်တွင် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

    ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ကော့မှူးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှ ခေတ္တမြို့နယ်မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ မြို့မစည်ပင်တာဝန်ခံနှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့က စည်ပင်သာယာမြို့မဈေးအတွင်း/အပြင်၌ စားအုန်းဆီ လက်လီ/ လက်ကားဖြန့်ဖြူးရောင်းချနေမှုအခြေအနေ၊ ပြည်တော်သာရပ်ကွက်၊ စားအုန်းဆီကိုယ်စားလှယ်ဆိုင်နှင့် ဗိုလ်ချုပ်လမ်း၊ မြို့မရပ်ကွက်၊ ဘုရားလမ်းရပ်ကွက်၊ လက်ခိုက် ကျေးရွာ၊ ဆပုဂံကျေးရွာရှိ လက်လီ/ လက်ကား စားအုန်းဆီကိုယ်စားလှယ်ဆိုင်များတွင် စားအုန်းဆီရောင်းချနေမှုအခြေအနေနှင့် ကော့မှူးမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ ဈေးနှုန်းမှန်ကန်စွာ စားအုန်းဆီများကို အခက်အခဲမရှိဘဲ ဝယ်ယူစားသုံးနိုင်ရေးအတွက် လက်လီ/ လက်ကားရောင်းချသည့်ဆိုင်များအား သတ်မှတ်ခွဲတမ်းများခွဲဝေချထားပြီးဖြစ်၍ ရရှိသည့်ခွဲတမ်းအလိုက် အခြေခံလက်ကားရည်ညွှန်းဈေးအား မိမိတို့ဒေသအရောက် ဈေးနှုန်းများအပေါ် (၂)ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်း အမှန်တကယ်ဖြန့်ဖြူးရောင်းချခြင်းရှိ/မရှိနှင့် စားအုန်းဆီဈေးနှုန်းတည်ငြိမ်စေရေးလုပ်ငန်းအဖွဲ့က ကုမ္ပဏီအလိုက်ရောင်းချပေးသည့် လက်လီ/ လက်ကားဆိုင်အမည်စာရင်းကို နေ့စဉ်ထုတ်ပြန်ပေးလျက်ရှိပြီး စားအုန်းဆီလက်ကားရည်ညွှန်ဈေးတို့ကိုလည်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားအုန်းဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီက အပတ်စဉ် တနင်္လာနေ့တွင် ထုတ်ပြန်ကြေညာပေးလျက်ရှိကြောင်း အသိပညာပေးကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)