“ ကော့မှူးမြို့နယ်၊ ဈေးကွက်အတွင်း ဘိလပ်မြေဈေးနှုန်းနှင့် ပစ္စည်းလက်ကျန်အခြေအနေအား ကွင်းဆင်းစစ်ဆေးခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၌ ဘိလပ်မြေအမျိုးအစားများဝယ်ယူသုံးစွဲရာတွင် ပစ္စည်းပြတ်လပ်မှုမရှိစေရန်နှင့် ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်ရန်ရည်ရွယ်၍ ကုန်အမာဆိုင်ကြီးများသို့ ၂၀၂၄ခုနှစ်၊ မတ်လ(၂၂)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် လုပ်ငန်းရှင်ဆိုင်ရှင်များနှင့်သွားရောက်တွေ့ဆုံပြီး ဈေးကွက်အတွင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါ သည်။ 

     ထိုသို့ဈေးကွက်အတွင်း ဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ကော့မှူးမြို့နယ်တာဝန်ခံသည် ကော့မှူးမြို့နယ်၊ အမှတ်(၁၀၀)၊ စည်ပင်လမ်း၊ မကျီးကန်ရပ်ကွက်၊ ဓနအောင်ကုန်အမာဆိုင်နှင့် အမှတ်(၁၀၂)၊ စည်ပင်လမ်း၊ မကျီးကန်ရပ်ကွက်အတွင်းရှိ မြင့်မိုရ်ကုန်အမာဆိုင်တို့တွင် ရောင်းချလျက်ရှိသော လုပ်ငန်းရှင်များနှင့်တွေ့ဆုံကာ ဘိလပ်မြေအမျိုးအစားများဖြစ်သော Alpha၊ ကြံ့နှစ်ကောင်၊ (ဘားအံ)မြိုင်ကလေးထုတ်နာရီအမှတ်တံဆိပ် စသည့်ဘိလပ်မြေများကို ဈေးကွက်အတွင်း ရောင်းချနေခြင်းမျိုးရှိ/မရှိ မေးမြန်း စုံစမ်းခဲ့ရာ ကော့မှူးမြို့နယ်အနေဖြင့် Alpha ဘိလပ်မြေတစ်မျိုးကိုသာ လှိုင်လှိုင်သုံးစွဲကြသဖြင့် မိမိတို့၏ဆိုင်တွင် Alpha အမျိုးအစားဘိလပ်မြေတစ်မျိုးတည်းကိုသာ ဝယ်ယူဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း အခြားဘိလပ်မြေအမျိုးအစားများအား ကော့မှူးဈေးကွက်အတွင်း ဝယ်ယူဖြန့်ဖြူးရောင်းချခြင်းများမရှိကြောင်း၊ Alpha ဘိလပ်မြေကိုလည်း ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချနေခြင်းများများမရှိကြောင်း ပြန်လည်ပြောကြားခဲ့ပြီး ဆက်လက်၍ တာဝန်ရှိသူများက ကော့မှူးမြို့နယ်သည် အကြီးစားစက်မှုလက်မှုလုပ်ငန်းအကောင်အထည်ဖော်တည်ဆောက်နေသော စက်ရုံ၊ အလုပ်ရုံများမရှိသောကြောင့် မိမိတို့မြို့နယ်အနေဖြင့် ပစ္စည်းပြတ်လပ်မှုများမရှိနိုင်ဘဲ လုံလောက်မှုရှိနိုင်သောကြောင့် ဘိလပ်မြေများကို မိမိတို့၏ဆိုင်များတွင် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် တရားမဝင်သိုလှောင်ထားခြင်းများမပြုလုပ်ကြရန်နှင့် ဈေးနှုန်းများအဆမတန်မြှင့်တင်ရောင်းချခြင်းများမပြုလုပ်ကြရန် ဘိလပ်မြေမြေပြင်လက်ကျန်များအား စစ်ဆေးရေတွက်ခဲ့ပြီး ဈေးကွက်အတွင်း အသိပညာပေးဈေးကွက်စောင့်ကြည့်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)