![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/102_25.jpg?itok=JQ_RxLdb)
တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးအနေဖြင့် နိုင်ငံအတွင်းနေထိုင်ကြသော ပြည်သူများ၏ နေ့စဥ်စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးများတွင် သက်သာချောင်ချိမှုရှိစေရေးအတွက် အလေးထားဆောင်ရွက်ပေးလျက်ရှိရာ ဒေသတွင်း၌ ဆေးနှင့်ဆေးပစ္စည်းများကို စျေးနှုန်းသက်သာစွာဝယ်ယူရရှိနိုင်ရေးနှင့် ပြတ်လပ်မှုမရှိစေရေးအတွက် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့အတွင်း နေထိုင်လျက်ရှိသော အများပြည်သူများအတွက် ဆေးနှင့်ဆေးပစ္စည်းစျေးနှုန်းများကို ဒေသတွင်းဖြစ်သင့်ဖြစ်ထိုက်သည့် စျေးနှုန်းများဖြင့် ရောင်းဝယ်ဖောက်ကားခြင်းရှိ/မရှိကို ထားဝယ်မြို့တွင်ရောင်းချလျက်ရှိသော ဆေးနှင့်ဆေးပစ္စည်းအရောင်းဆိုင်များသို့ အဖွဲ့ဖြင့် အပတ်စဥ်သွားရောက်၍ စာရင်းကောက်ယူစုံစမ်းခြင်းများဆောင်ရွက်လျက်ရှိရာ (၄-၄-၂၀၂၄) ရက်နေ့တွင် သွားရောက်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ဆေးစျေးနှုန်းများမှာ ယခုအပတ်အတွင်း အနည်းငယ်မြင့်တက်လာပြီး ကုမ္ပဏီများ၌ ဆေးဝါးပြတ်လပ်မှုများပြားလာကြောင်း စုံစမ်းသိရှိရပါသည်။
DOCA(တနင်္သာရီ)