“ကောင်းထက်” အိုင်အိုဒင်းဆားစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခြင်း

Powered by Drupal

       ၂၀၂၄ခုနှစ်၊ ဧပြီလ ၅ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မော်လမြိုင်ခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဒေါ်ဝါဝါမြိုင်နှင့် ဝန်ထမ်းများအဖွဲ့သည် မော်လမြိုင်မြို့၊ စက်မှုဇုန်ရှိ ကောင်းထက်အိုင်အိုဒင်းဆားစက်လုပ်ငန်းသို့သွားရောက်၍ ဆားစက်လုပ်ငန်းရှင်နှင့်တွေ့ဆုံခဲ့ရာ ဆားစက်လုပ်ငန်းနှင့်ပတ်သက်၍ စက်ရုံလည်ပတ်မှုအခြေအနေ၊ ကုန်ကြမ်းအား အလွယ်တကူဝယ်ယူရရှိမှုရှိ/မရှိ၊ ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချရမှုအခြေအနေ၊ အရောင်းမြင့်တက်မှုရှိ/မရှိတို့ကို ဆွေးနွေးမေးမြန်းခဲ့ပါသည်။

      ဆက်လက်၍ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချသောကုန်စည်များအား ထုပ်ပိုးမှုများကောင်းမွန်စေရေး အထူးဂရုစိုက်ရန်၊ သန့်ရှင်းသန့်ရပ်မှုကို အလေးထားဆောင်ရွက်ရန်နှင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိစေရေး ဆောင်ရွက်ရန်၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံမှုမရှိသည့် ကုန်စည်များကို ဈေးကွက်အတွင်း ဖြန့်ဖြူးရောင်းချခွင့်မရှိကြောင်း၊ ရောင်းချပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သဖြင့် ကုန်အညွှန်းအမှတ်အသားများမပြုလုပ်ရသေးပါက လာရောက်ပြုလုပ်ကြရန်နှင့် စားသုံးသူကာကွယ်ရေးဥပဒေပါ ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)